ဂျောင်ဆူးမိုးရေတွေတစ်စက်စက်စီးကျနေတဲ့ဆံစတွေကိုသပ်တင်လိုက်ပြီးရေချိုးခန်းဆီအမြန်ပြေးဝင်လာမိ၏။ခေါင်းလျှော်ပြီးခါစဆံစတွေကို ပုဝါဖြင့်ပွတ်သပ်ရင်း အပြင်ကိုထွက်လာချိန်မှာတော့ အစ်မဖြစ်သူ၏ပြတင်းကိုကြည့်ကာ သက်ပြင်းချလိုက်သံ၊ ငေးမောနေမှုတို့ကို အထင်းသားတွေ့မြင်လိုက်ရ၏။
"ဘာလုပ်နေတာလဲ မိုးရွာတာမမြင်ဖူးဘူးလား
ထပ်ပြီးသူ့ဆီမရောက်မယ့် ပန်းချီတွေကို ရေးခြစ်နေတုန်းပဲလား မမ ကျွန်တော်ကိုဂရုစိုက်ပါဉီး"ဂျောင်ဆူးရဲ့အသံက မိုးသံတွေကြားထဲမှာတောင် စူးရှစွာထွက်ပေါ်နေ၏။ဗလာဖြစ်နေတဲ့မျက်ဝန်းတစ်စုံက လည်ပြန်လှည့်ကြည့်လာကာ အားမရှိစွာဖျော့တော့တော့အပြုံးတွေကိုပေးအပ်လာ၏။
"ကလေးငယ် ထပ်ပြီးအပျင်းတစ်နေတုန်းကို ခေါင်းလည်းရေသေချာမသုတ်ဘူးမမစိတ်တွေ စုစည်းမရလို့ပါ။ဒီနေ့ ချန်းနဲ့ရန်ထပ်ဖြစ်သေးတယ်လို့ကြားတယ် ကလေးငယ်ကိုမမတော့အားမရဘူးကွာ မမရဲ့အသေးလေးက ဘာလို့လူတကာကို ရန်လိုနေရတာတုန်း ။
ချန်းကလူကောင်းပါကလေး ငယ်။အတွေးမမှားစေနဲ့ ။အနာဂတ်မှာ မမကလေးလေးဘေးမှာ လူကောင်းတွေကိုရှိစေချင်တယ်။"ပန်းချီကားကို နေရာချလိုက်ရင်းပြောလာသူဆီကမျက်ဝန်းတွေမှာ စိုးရိမ်မှုတစ်ချို့ဖြတ်ပြေးသွားသည်ကိုတွေ့ရှိမိလိုက်ရ၏။
"မမ ချန်းကိုမျှော်လင့်ချက်တွေမပေးပါနဲ့ အနာဂတ်မှာပြဿနာတွေရှိလာလိမ့်မယ်။မမချစ်ရသူရှိတာချန်းကိုပြောပြသင့်တယ် "
ပန်းချီကားထက်ကများစွာသော ပုံအမျိုးမျိုးက လူတစ်ယောက်ရဲ့ကိုယ်နေဟန်ထားအမျိုးမျိုးတွေသာဖြစ်တည်လို့နေ၏။
"မမကချန်းကိုမောင်လေးတစ်ယောက်လိုပဲဆက်ဆံခဲ့တာ သူလည်းမမကိုသူ့အစ်မအရင်းလိုပဲချစ်ရှာတာပါ သူ့ကိုယ်သူ့ရှာမတွေ့သေးလို့မသိတာ အဲ့တာအတွက် ကလေးငယ်စိတ်မပူပါနဲ့ ။အချိန်တန်သူနားလည်သွားမှာပါ "
ဆေးသားခြယ်နေတဲ့မမကို ဂျောင်ဆူးနားမလည်သလိုသာ ကြည့်လိုက်မိ၏။