#ဒီအပိုင်းကိုမဖတ်ခင် ရှေ့က၂ကနေ၆အထိလောက်ပြန်ဖတ်စေချင်ပါတယ် ခင်ဗျ #
"ဘာလို့ ငါ့ကြောင့်လဲ ။ငါသိရသလောက် ငါ ဂျွန်မြောင်ကိုတစ်ခါမှအနိုင်မကျင့်ဖူးပါဘူး။သူနဲ့စကားတောင် သေချာမပြောဖူးဘူး"
ဂျောင်ဆူးတွေးတွေးဆဆပြောလိုက်မိသည်။အထက်တန်းတုန်းက အခြေအနေတွေကအနည်းငယ်ဆိုးဝါးခဲ့သည်ဆိုပေမဲ့ တခြားကျောင်းကလူတွေနဲ့သာ ရန်ပွဲတွေဖြစ်ခဲ့တာဖြစ်သည်။ဂျင်းဝူကတအားသူများတွေကိုအထင်သေးတတ်သူမို့လို့သာ ဂျောင်ဆူးတို့အဖွဲ့လိုက်ပညာပေးခဲ့တာဖြစ်သည်။အဲ့ဒါကြောင့်လည်း ဂျင်းဝူက အခုလိုတည်ငြိမ်ပြီးအရင်လိုဆိုးသွမ်းသည့်အကျင့်တွေမရှိတော့တာဖြစ်သည်။
"ဂျင်းဝူကြောင့် ချန်းယောလ် ဒဏ်ရာတွေအများကြီးရခဲ့တဲ့နေ့ကိုမှတ်မိတယ်မလား။မင်းကချန်းနဲ့ပတ်သတ်ရင်တော့ မေ့သွားတာ ဘာမှမရှိဘူးလေ။အဲ့နေ့က မင်းနဲ့ ချန်းနှစ်ယောက်လုံး အတန်းလာမတတ်ခဲ့ဘူး။ မင်းသူဒဏ်ရာတွေကိုဆေးထည့်ပေးနေတာလို့ငါ့တို့ကိုမက်ဆေ့စ်ပို့လာတယ်လေ။အဲ့နေ့ကငါတို့စတိုခန်းထဲမှာ ဂျင်းဝူနဲ့ ပြဿနာထပ်ဖြစ်ခဲ့တယ်။အရင်လိုလက်သီးသုံးပြီးပဲဖြေရှင်းခဲ့ကြတာ။ဘယ်သူကသိမှာလဲ ဂျွန်ကထပ်ထားတဲ့ခုံတွေနောက်မှာပုန်းနေခဲ့မယ်လို့ ။ဂျင်ဝူးကဂျွန်ကိုတွေ့သွားတော့ ရှက်ရမ်းရမ်းပြီး သူ့ကိုပါ ရန်ပွဲထဲဆွဲထည့်လာတယ်။"
ဘက်ခဟျွန်းပြန်မှတ်မိသွားပြီမို့ ဘာမှမသိတဲ့ဂျောင်ဆူးကိုမှန်ကြောင်းခေါင်းညိတ်ပြမိလိုက်သည်။
"အဲ့နေ့က ရန်ပွဲကသူမသာကိုယ်မသာဘဲ ဂျွန်မြောင်ကိုသူတို့ကချုပ်ထားတာလေ။ဒီကောင်သွေးဆူသွားပြီးနောက်ဆုံးတော့ခုံတွေပါ ပါလာတာ ။ဂျင်ဝူးရဲ့ကိုယ်ရံတော်တွေဆေးရုံတတ်လိုက်ရတဲ့အထိ ဖြစ်သွားတာ ။အဲ့နေ့ကkaiကတကယ်သွေးဆူပြီးကြမ်းတမ်းနေခဲ့တာ။ နောက်ဆုံးတော့ ဂျင်ဝူးကထွက်ပြေးသွားတယ်လေ ။ဂျွန်မြောင်ကရန်ပွဲအစအဆုံးကိုမြင်ပြီးနောက်ပိုင်း စကားတောင်မပြောနိုင်တော့ဘူး။သူမေ့သွားတဲ့အထိဖြစ်သွားတာ။ငါတို့သူ့ကိုကျောင်းဆေးခန်းပို့ပေးခဲ့ရတာ "
YOU ARE READING
i love one that is you
Roman d'amourအစမှတ်နဲ့ အဆုံးမှတ်ဘယ်မှာထပ်တူညီလိမ့်မလဲ သိချင်မိတယ်