🍁🍁ep28🍁🍁

142 21 11
                                    

"နင်မှာ နောက်ဆုံးအခွင့်အရေးရှိသေးတယ် ။ဒီကလေးကို နင် စောင့်ရှောက်ချင်လား ။နင်အဖေတစ်ယောက်အနေနဲ့ အသိအမှတ်ပြုရဲ့လား "

ကျောခိုင်းကာလှည့်နေသည့်အမျိုးသားကပြန်လည်လှည့်ကြည့်လာ၏။သူ့မျက်ဝန်းများက‌ အေးစက်နေပေသည်။ သာမန်ကာလျှံကာ တစ်ချက်လောက်ကြည့်ကာ မျက်မှောင်ကြုတ်လေ၏။









လက်သီးကိုခပ်တင်းတင်းဆုပ်ကာ မတ်မတ်ရပ်နေသော ထိုမိန်းကလေးသည် မျက်ဝန်းများကအစွမ်းကုန် တောက်ပနေရှာ၏။လေအလာတွင် သူ၏ဆံစများက ခပ်ပါးပါး ပျံ့လွင့်နေပေသည်။
စိတ်မကောင်းစရာကား ထိုမိန်းကလေးသည် ဆင်ခြင်တုံတရားကင်းမဲ့ပုံပေါ်၏။အမြဲငြင်းခဲ့ပေမဲ့ ထပ်ခါတလဲလဲ မငြီးငွေ့နိုင် သေးပုံ ပေါ်ပေသည်။










"ငါ့အတွက် အဖြေက အရင်ကအတိုင်းပဲ ။ဘာမှမပြောင်းလဲဘူး ။ငါ့အခုတွဲနေတဲ့သူရှိတယ် ။ဒီကလေးကို ငါတာဝန်မယူပေးနိုင်ဘူး။အဲ့အတွက်တော့ တကယ်စိတ်မကောင်းပါဘူး။"

အမြဲကြား‌ နေ ခဲ့ရသည့် စကားမို့ ဂျီဟွန်းအနေနဲ့ ထူးပြီးလည်း သွေးပျက်မနေတော့ပေ။ဒီလောက်ဆိုရင် အသိပေးသင့်သည့် မိမိတာဝန်လည်း ကျေလောက်ပြီထင်၏။မ‌ မျှော်လင့်သင့်တာကို မျှော်လင့်နေရခြင်းကလည်း တကယ်ကိုပင် ပန်းလှပေသည်။









တော်ပါသေးသည်။ဂျောင်ဆူး၏အကူအညီသာ မရရှိခဲ့ဘူးဆိုလျင် ဒီကလေးရှင်သန်ဖို့ တကယ်ကိုခဲယဉ်းလောက်ပေသည်။အခုလိုသူရှေ့ မားမားမတ်မတ်ရပ်တည်နေဖို့သတ္တိက အစောကြီးကတည်းကပျောက်ဆုံးသွားလောက်ပေ၏။









"နင်ကလေ တကယ်ကို ကြောက်ဖို့ကောင်းတဲ့သူ။ကိုယ်ချင်းစာစိတ်တစ်စက်မှမရှိတဲ့ကောင်။ဘယ်လောက်ပဲ ငါ့ကိုနင်မချစ်ခဲ့ဦးတော့ ...ဒီကလေးက နင်သွေးသားရင်းဆိုတာတော့ မမေ့သင့်ဘူးမလား ။သူများတွေကလေးရဖို့ ခဲယဉ်းနေကြချိန်မှာ မိဘဖြစ်ဖို့ မျှော်လင့်နေရချိန်မှာ နင်ကတော့ အလွယ်တကူပဲအမှိုက်တစ်စလိုလွှတ်ပစ်နေတယ်။နင်ကဦးနှောက်ထဲမှာ ချီးတွေနဲ့ပဲပြည့်နေတာပဲ။"

i love one that is youWhere stories live. Discover now