လုဟန်အသံဖမ်းစက်လေးကိုပြန်လည်စတင်ဖမ်းယူလိုက်ပြီးဖောင်တိန်လေးဖြင့်ရေးမှတ်ဖို့ပြင်လိုက်မိသည်။
"အချစ်...ခင်ဗျားဘဝမှာ အချစ်ကိုဘယ်လိုခံယူထားလဲဂျောင်ဆူး ။ကျွန်တော်အခုမေးမယ့်မေးခွန်းက ခင်ဗျားဘဝမှာ မှတ်မှတ်ရရဖြစ်နေမယ့် ခင်ဗျားဘယ်သူကိုမှမကြုံ့ေတွ့စေချင်တဲ့အချစ်ပုံပြင်တစ်ခုအကြောင်းပြောပြပေးပါ။"
မည်းမှောင်နေတဲ့ကောင်းကင်ကြီးဟာ ကြယ်လေးများရဲ့အလင်းနှင့်အတူပြန်လည်အသက်ဝင်လာ၏။ဂျောင်ဆူးကြယ်လေးတွေကိုငေးကြည့်ရင်း
"ကျွန်တော်ကတော့ အချစ်ဆိုတာ ကျွန်တော်ဘက်ကချစ်နိုင်သမျှချစ်ပေးဖို့ပါပဲ။ငေးကြည့်နေရုံနဲ့ကျေနပ်ခဲ့တာမျိုး။သိပ်ပြီးမပွင့်လင်းခဲ့ရဘူးဗျ။ခင်ဗျားလည်းသိပါတယ်။ကျွန်တော်ကဆွေးနွေးတိုင်ပင်သူအဖြစ်ရပ်တည်ခဲ့တာလည်း မနည်းကြာပြီလေ။အကြောင်းအရာအမျိုးမျိုးကိုကိုယ်တွေ့မြင်ဖူးခဲ့သလို့ရင်ဖွင့်လာသမျှဇာတ်ကြောင်းမျိုးစုံကိုလည်းကြားဖူးကူညီဖြေရှင်းခဲ့တာတွေလည်းများခဲ့ပါပြီ။"
လုဟန်ခေါင်းညိတ်ကာထောက်ခံမိလိုက်သည်။
လုဟန်ဂျောင်ဆူးရဲ့ဘဝအဖြစ်မှန်ကိုစာရေးဖို့ဆုံးဖြတ်လိုက်ကတည်းကအကုန်စုံစမ်းခဲ့ပြီးသားဖြစ်ပေသည်။ဂျောင်ဆူးကကျော်ကြားတဲ့ဆွေးနွေးအကြံပေးသူတစ်ယောက်လည်းဖြစ်သည်။ဒါကြောင့်သူသိခဲ့ရတဲ့ဇာတ်လမ်းပေါင်းများစွာရှိပေလိမ့်မည်။မနှစ်သက်စရာမျိုးတွေလည်းကြားသိခဲ့ဖူးမှာပင်။
စာဖတ်သူတွေအတွက်အကျိုးရှိမည့်ဇာတ်လမ်းတစ်ပုဒ်လောက်တော့ ကြားသိရနိုင်ပေသည်။
"လုကမိန်းကလေးစာဖတ်သူတွေများမယ်ပုံပဲ။ကျွန်တော်ဘဝဇာတ်ကြောင်းကိုဖတ်မယ့်သူတွေထဲမှာညီမငယ်တွေအစ်မတွေမိန်းကလေးစာဖတ်သူတွေလည်းများမယ်ထင်တယ်။
ကျွန်တော်သူငယ်ချင်းမိန်းကေလးတစ်ဦးရဲ့အချစ်ပုံပြင်တစ်ခုကိုပြောပြချင်တယ်။ဘာလို့ပြောပြချင်လဲဆို သူလိုမျိုးနောက်ထပ်ဘယ်သူကိုမှမကြုံစေချင်တော့လို့ မမှားစေချင်တော့လို့ပါ။"