💛8💛

2.2K 179 2
                                    

Unicode

Jiminတစ်ယောက် Taehyung ဖုန်းဆက်ပြီးချက်ချင်း အလုပ်အကုန်တွေပစ်ချကာ
အရက်မူးနေတဲ့ညီတော်မောင်ကိုခေါ်ရန်ထွက်လာခဲ့ရသည်
တစ်ချိန်က အပြစ်ကင်းစင်လှတဲ့ကလေးက အရက်တွေတောင်သောက်တက်နေပြီတဲ့လား
ဒီလို ဖြစ်လာတာ ဘယ်သူ့ကြောင့်လဲလို့ တရားခံရှာကြည့်ပြန်တော့လဲ ကိုကိုယ်တိုင်ဖြစ်နေပြန်သည်
ဒီညီဆိုးလေးကို ဘယ်လိုကိုင်တွယ်ရမှန်းကိုမသိနိုင်တော့
အရက်ဆိုင်မှာ တစ်ယောက်ထဲဖြစ်နေတာကြောင့် စိတ်ပူလှသလို
ဖေဖေနဲ့မေမေသိပြီး စိတ်ဆင်းရဲသွားမှာလဲကြောက်လှသည်
အလောတကြီး ကားကိုမောင်းနှင်ခဲ့ပြီး နှောက်ဆုံး Jungkook ရှိရာ အရက်ဘားသို့ရောက်လာခဲ့သည်
သူသာအလောတကြီး စိတ်ပူနေခဲ့ရတာ
ခုံပေါ်တွင်မှောက်ကာ လောကကြီးနှင့် အဆက်အသွယ် ပျက်နေသူကတော့
အေးချမ်းလျှက်

''kookie... kookie.. ''

လှုပ်နှိုးပြီးခေါ်သော်လည်း တုတ်တုတ်မလှုပ်
ချီခေါ်သွားကအောင်လဲ သူက
ကိုယ့်ထက်နှစ်ဆလောက် ခန္ဓာကိုယ်က ကြီးနေသည်
Jiminတစ်ယောက် ကြံရာမရဖြစ်နေစဥ်..

''Jimin..''
ရင်းနှီးတဲ့ ခေါ်သံတစ်ခုကြောင့်အလွန်ပျော်ရွှင်သွားရသည်

''Yoongi.. ဘယ်လာတာလဲ အဖော်ပါလား..''
အကူအညီတောင်းရန် တစ်ဖက်လူရဲ့အခြေအနေအား အစ်မေးလိုက်ရသည်

''လုပ်ငန်းပါတနာတစ်ယောက်နဲ့လာတာပါ သူကသူ့ အဖော်နဲ့ပြန်သွားပြီ ငါကသောက်ရင်ကောင်းမလား စဥ်းစားတုန်း မင်းကိုတွေ့တာ
ဒါနဲ့သူက..''
မူးပြီးမှောက်နေတဲ့ သူကိုလက်ညိုးထိုးမေးတော့

''ရားး ဒါ kookie လေ''

''kookie တောင်ဒီအရွယ်ရောက်နေပြီပဲ
မင်းညီက ငယ်ငယ်ထဲက အတိုင်း အဆိုးလေးပဲ''

''ဟုတ်တယ် အခုအိမ်ပြန်ခေါ်မလို့ ဘယ်လိုလုပ်ရမှန်းမသိပါဘူးကွာ''

''ငါကူညီမယ် ပြီးရင် တစ်ခွက်ပြန်တိုက်''.

''အေးပါကွာ အိမ်ရောက်ရင် တိုက်မယ်
အချိန်ရောရရဲ့​လား''

''ငါလဲ စိတ်ညစ်နေတာ မင်းနဲ့လဲမတွေ့တာကြာပြီဆိုတော့ စကားလေးဘာလေးပြောရတာပေါ့''

အပိုင်  (Completed) Wo Geschichten leben. Entdecke jetzt