💛9💛

2.1K 170 2
                                    


Unicode

ကိုကို့ကို စိတ်ဆိုးပြီးထွက်လာကထဲက
ခြေဦးတည့်ရာ လျှောက်သွား၍ငိုနေခဲ့သည်
အခုတော့ Taehyung ဆီရောက်ကာ ငိုင်နေလျှက်
Taehyung ကလည်း သူ့ခံစားချက်နှင့်သူမို့
Jungkook နဲ့အတူငြိမ်နေခဲ့သည်

ကိုကို့ ၏အသံမာမာနဲ့ပြောဆိုခြင်းကိုခံရတာဟာ Jungkook အတွက်ရှော့အကြီးကြီးရစရာပင်
ကိုကိုက ငယ်ငယ်ကထဲက ညီဖြစ်သူကိုစကားပြောတိုင်း ချိုသာမှုအပြည့်နဲ့သာပြောတက်သည်
Jungkook မျက်နှာတစ်ချက်အပျက်မခံခဲ့တဲ့ ကိုကိုက အခုငိုပြီး ထွက်လာတာတောင် နဲနဲလေးမှမတားခဲ့

ကိုကို့ရဲ့လေသံမာမာကို ပြန်ကြားယောင်ရင်း ရင်ထဲတနုတ်နုတ် ခံစားရသည်
သိုပေမယ့် သူလုပ်ခဲ့တဲ့အပြစ် တွေကိုတော့ Jungkook မတွေးမိခဲ့ပါ
ကိုကို့ကြောင့်ဖြစ်လာတဲ့ ဒေါသနဲ့ လုပ်ရက်တွေအတွက် အပြစ်လို့ပင် စိတ်ထဲမှာမရှိ
ဒါလုပ်သင့်တဲ့ လုပ်ရပ်လို့ပင်တွေးထားလေသလားပင်

''Jungkook ''

''ဟင်''

''မင်း ငါ့ဆီစရောက်ကထဲကငြိမ်နေတာ
ပြီးတော့ မင်းငိုထားတယ်မလား''

''အင်း.....ဟုတ်တယ်''

''မင်းကတော်ရုံဆို ငိုတဲ့ကောင်မှမဟုတ်တာ..
ဘာဖြစ်လာတာလဲ ငါ့ကိုပြောပြနိုင်မလား''

''ကိုကို ...ငါ့ကိုအော်လို့....
ကိုကိုက ငါ့ကို လေသံမာမာနဲ့တောင်ပြောဖူးတာမဟုတ်ဘူး
အခုတော့ သူငါ့ကိုအော်တယ်
ငါတကယ်မကျေနပ်ဘူးသိလား''

''Jimin Hyung ကအော်ရလောက်အောင် မင်းဘာလုပ်မိလို့လဲ''

''ငါ Yoongi Hyung ကို ထိုးမလို့လုပ်မိလို့''.

''ဘာ!!! Yoongi Hyung ...''
Yoongi ဆိုတဲ့နာမည်ကြောင့် ရင်တွေခုန်သွားရသည်
နှောက်တစ်ခါပြန်တွေ့ခွင့်ရမယ် ဆိုတဲမျော်လင့်ချက်ကြောင့် ပျော်ရွှင်ရပေမယ့်
တစ်ဖက်တွင်
မနေ့ညကလို သူစိမ်းလိုဆက်ဆံခံရမှုမျိုး ထက်ကြုံရမှာကြောက်မိသည်
Jungkook ကို Yoongi အကြောင်းမေးချင်ပါသော်လည်း အခြေအနေမကောင်းတာကြောင့် မမေးဖြစ်ခဲ့ပါ

''အွန်းးး ငါအထင်လွဲ ပြီးတော့ လုပ်မိမလိုဖြစ်သွားတာပါ
ဒါပေမယ့် ကိုကိုငါ့ကိုမအော်သင့်ဘူးလေ''

အပိုင်  (Completed) Onde histórias criam vida. Descubra agora