💛13💛

2.4K 181 11
                                    

Unicode

ပျော်ရွှင် နွေးထွေးမှုတွေနဲ့ပြည့်စုံခဲ့တဲ့
Jeonစံအိမ်တော်ကြီးရဲ့ ကြေကွဲစရာနေ့ရက်..

Mr.Jeonတို့ သေဆုံးသွားတဲ့ သတင်းသည် စီးပွားရေးနယ်ပယ်တွင်သာမက Korea တစ်နိုင်ငံလုံးကိုပါ လှုပ်ခါသွားစေသည်
လူအများစုကတော့ သားနှစ်ယောက်လိင်တူချစ်သောကြောင့် မိဘနှစ်ပါး ထိတ်လန့်သေဆုံးမှုကြောင့် ဝေဖန်အပြစ်တင်မှုများကိုဆိုးဆိုးဝါးဝါးပြုလုက်လျှက်

Jeonလင်မယားရဲ့ ဇာပနာအခန်းအနား...
စီးပွားရေးအရ မလာမဖြစ် လာရသူများနှင့်
အိမ်ရဲ့ အလုပ်သမားများသာရှိသည့် အပယ်ခံ ဇာပနာအခန်းအနားဖြစ်ခဲ့ရသည်
အခန်းအနားလာရောက်ကြသူများ၌လည်း အပြစ်တင်ဝေဖန်သံတွေကမဆဲ
သို့သော်
တစ်ဖက်သက် ဝေဖန်သံများဖြစ်ခဲ့ရသည်..

Jungkook ကတော့ အခုထိငိုနေတာမရပ်နိုင်သေး ဒီကိစ္စကြီးကိုမယုံနိုင်သေးပါ
ဖေဖေနဲ့မေမေမှာ ဒီလိုရောဂါမျိုးရှိတာ သူမှမသိခဲ့တာ
သိခဲ့ရင်တော့ ဒီလူဆိုးလေး ဒီလိုလုပ်ရက်မျိုးကို လုပ်ဖြစ်ပါ့မလား
ဖေဖေနဲ့မေမေတို့၏ဓတ်ပုံရှေ့တွင် အခါခါတောင်းပန်မိနေလေသည်
ဘေးမှာတော့ Taehyung မှာအဖော်ပြုပေးလျှက်

Jiminကတော့ စိတ်ကို အတက်နိုင်ဆုံးဖြေကာ သားကြီးဖြစ်တဲ့တာဝန်ကျေအောင် လူအများကို ဧည့်ခံရန်နှင့် လုပ်စရာရှိတာများကိုပြုလုပ်ရန်ထွက်လာခဲ့သည်
ဘယ်လောက်ပဲ မိဘတွေအတွက်ပူဆွေးနေပါစေ... သူစိမ်းစီးပွားရေးလုပ်ငန်းရှင်တွေရှေ့ ပြိုလဲနေတဲ့ပုံစံကို ပြလို့မဖြစ်
ထိုစဥ် စိတ်ထဲတွင်လဲ မည်သည့်ကောင်းခြင်းဆိုးခြင်းမှမရှိနေ
ဖေဖေနဲ့မေမေတို့အတွက် ဝမ်းနည်းပူဆွေးမှုသာရှိနေသည်
ရူးမတက်ငိုနေတဲ့ ညီလေးကိုတွေ့တော့လည်း စိတ်မကောင်း....မိဘနှစ်ပါးလုံးရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ကလေး က ဘယ်လောက်တောင်ကြေကွဲလိုက်မလဲ
ဒီအရာတွေကို ကြိုသိနေတဲ့ကိုယ်တိုင်တောင် ဖြေမဆည်နိုင်သေးတာ
ဒါပေမယ့် အခုချိန်မှာတော့
နှစ်သိပ့်ပေးမှုမျိုး လုပ်မပေးချင်ပါ
ဒီလူဆိုးလေးသာ မမွှေခဲ့ရင်ဖေဖေနဲ့မေမေ ဒီလောက်အစောကြီး ထွက်ခွာသွားမည်မဟုတ်
ပထမဆုံး ညီလေးအပေါ် ကိုကို့မသိစိတ်က စိတ်ဆိုးမိပါသည်

အပိုင်  (Completed) Donde viven las historias. Descúbrelo ahora