💛3💛

2.8K 211 6
                                    

unicode

''kookie!! ကိုကို့ ကိုစိတ်ဆိုးနေတာလား''

ကျောင်ကအပြန် လမ်းတစ်လျှောက်လုံး စကားမပြောသော kookie..
တကယ်တော့ yoongiကို ဘယ်လိုဒုက္ခပေးရင်ကောင်းမလဲ ကြံရွယ်နေခြင်းကြောင့် ငြိမ်နေခဲ့ခြင်းဖြစ်သည်

''kookie! ကိုကို သူငယ်ချင်းထားလို့ စိတ်ဆိုးနေတာမလား''

''ကိုကို့ ကိုစိတ်မဆိုးပါဘူး''
'ကို့ကို့ သူငယ်ချင်းကိုပဲစိတ်ဆိုးတာ'

''kookieရယ် ကိုကိုလဲ အရွယ်ရောက်ပြီလေ လူမှုအသိုင်းအဝိုင်းမှာ သူငယ်ချင်းမရှိလို့ မဖြစ်ဘူးလေ
ပြီးတော့ yoongiက စာလည်းတော်တယ်
အကျင့်စာရိတ္တလဲကောင်းတယ် ကိုကို့ကိုလည်း အရမ်းခင်တာkookieရဲ့''

ကိုကို့စကား ကြားမှသိလိုက်ရသည်
'ဟုတ်ပါရဲ့ ကိုကိုလဲ သူငယ်ချင်းလိုချင်ရှာမှာပေါ့
ငါကျသူငယ်ချင်းတွေအများကြီးပေါင်းပြီး ကိုကို့ကျ သူငယ်ချင်းမရှိပဲနေခဲ့တာ အချိန်အကြာကြီး
ငါတော်တော်ဆိုးခဲ့တာပဲ'

''ဟူးးးးးး''

''ဘာတွေ သက်ပျင်းချနေရတာတုန်း''

''အင်း ကိုကို သဘောကျရင် ပေါင်းပါ kookieဘာမှမပြောဘူး ဒါပေမယ့် တစ်ယောက်ပဲရမယ်''

''အင်းပါကွာ yoongiတစ်ယောက်ထဲနဲ့ပေါင်းမယ်နော် ''

''အင်း Promise ''

ကိုကို့အား သိပ်ချစ်တာကြောင့် ကိုကို့ကို ပျော်စေချင်တာကြောင့် yoongiကိုတော့ ခွင့်လွှတ်ပေးရန်ဆုံးဖြတ်လိုက်သည်
အရင်လို ဘာမှမသိတဲ့ ငါးနှစ်အရွယ် kookieလို အခုအရွယ်က ရန်လိုက်တွေ့နေလိုမဖြစ် နဲနဲတော့ ရင့်ကျက်ရတော့မည်

နောက်နေ့ ကိုကို ကျောင်းလာမကြိုလို့ တစ်ယောက်ထဲပြန်လာရသည်
စိတ်ထဲမှာတော့ လုံးဝမကျေနပ်
'အဲ့ဒါကြောင့် သူငယ်ချင်းမထားစေချင်တာ'
အိမ်ပြန်ရောက်တော့လည်း ကိုကိုက
မရောက်သေး၍ အိမ်ရှေ့မှာ စူပုပ်လျှက်ထိုင်စောင့်နေလိုက်သည်
ထိုစဥ်
yoongiရဲ့ ပုခုံးကိုဖတ်ကာ အိမ်ထဲကို ဝင်လာတဲ့ကိုကို
ပြုံးပျော်ကာ စကားပြောနေကြတဲ့ သူနှစ်ယောက်မှာ အရမ်းနီးကပ်လွန်းနေသည်
kookieဒေါသထွက်နေပေမယ့် ကိုကို့ရှေ့မှာတော့ အတက်နိုင်ဆုံးပြုံးထားသည်
ကိုကိုငြိုညင်သွားလို့မဖြစ်
စိတ်ထဲမှာတော့
'တွေ့ကြပြီပေါ့ Min yoongi ရာ'
ဘယ်လိုပဲ ခွင့်လွှတ်ပေးမည်ဟု စိတ်ထဲကဆုံးဖြတ်ထားလဲ ကိုကို့အနားကပ်ရင် ရန်သူဟူသော အစွဲက တော်ရုံနဲ့ဖျောက်၍မရ

အပိုင်  (Completed) Où les histoires vivent. Découvrez maintenant