💛12💛

2.2K 172 9
                                    

Unicode

မနက်ဖြန်....

မနက်ဖြန်ဆိုတဲ့အရာသည် ကြိုတင်ခန့်မှန်းထား၍မရသော စကားစု
မနက်ဖြန်ဆိုသော နေ့ရက်သည် ပျော်စရာကောင်းသွားနိုင်သလို ဝမ်းနည်းစရာနေ့လည်း ဖြစ်လာနိုင်သည်
လူသားတိုင်း မနက်ဖြန်အတွက် ဖြစ်လာမယ့်အရာများကို အစိအစဥ်ဆွဲထား၍မရနိုင်ပါ

Jeon စံအိမ်ကတော့ မနက်ဖြန်အတွက်
လူတိုင်းအလုပ်ကိုယ်စီဖြင့်ရှုပ်ထွေးလျှက်...
အိမ်ရဲ့ သားအကြီး စေ့စပ်ပွဲဖြစ်တာမို့
အကောင်းဆုံးသော အရာများကိုသာလုပ်ဆောင် နေကြသည်

အားလုံးအလုပ်ရှုပ်နေကြချိန် Jungkook တစ်ယောက် ကတော့ အခန်းထဲမှာပဲငြိမ်
ကုတ်လျှက်
သူမဖြစ်စေချင်သောအရာကို ပြင်ဆင်နေကြတဲ့တစ်အိမ်လုံးကို ကြည့်မရပါ
စေ့စပ်မယ့် မိန်းကလေးနဲ့တပူးပူးတတွဲတွဲလုပ်ရင်းပင် မအားလက်နိုင် ဖြစ်နေတဲ့ ကိုကို့ပုံရိပ်ကိုလည်း လုံးဝမကြည့်ချင်ပါ
ဒီအချိန်မှာ ရှောင်နေလိုက်တာ အကောင်းဆုံးပင်
မဟုတ်ရင် မလိုလားအပ်တဲ့ပြသနာတွေဖြစ်ကာ အကြံအစည်များလွဲချော်နိုင်သည်
ညီလေးရဲ့ စိတ်ကို သိတယ်မလား...

Jungkook ရဲ့ပုံစံက စိတ်မတည်ငြိမ်နေပေမယ့် အေးအေးလူလူပင်
အခန်းပြတင်းပေါက်ကိုထွက်ကာ cigarette တလိပ်ကိုရှုရှိက်လိုက်ချိန်
မြင်လိုက်ရတဲ့ ခြံထဲက ကိုကိုနဲ့ဘေးကမိန်းမတို့ရဲ့ပုံရိပ်....

''ပျော်ထားကြအုန်းပေါ့...
ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုက ငါ့အပိုင်ပဲဖြစ်လာမှာ..''

မဲ့ပြုံးတစ်ချက်ပြုံးကာ လက်ထဲက Cigaretteကို ခြေဖြင့် ငြိမ်းသက်လိုက်ပြီး အခန်းထဲဝင်သွားလိုက်သည်

....

​ဖေဖေနဲ့မေမေတို့စိတ်ချမ်းသားအောင် လက်ခံလိုက်တဲ့ စေ့စပ်ပွဲဖြစ်တာမို့ ကိုယ်တိုင်တော့ စိတ်ချမ်းသာ၍မနေခဲ့ပါ
တနေကုန် စိတ်မပါတဲ့အလုပ်များကိုသာ လုပ်အပြီး ပင်ပန်းစွာ အခန်းထဲသိုပြန်တက်လာခဲ့တော့ အခန်းထဲမှာငိုနေတဲ့ကောင်လေးအားတွေ့လိုက်ရသည်
'ဒီကောင်လေးငိုနေပြန်ပြီ..... လူကိုချိန်းခြောက်ပြီး ဘာမှမဖြစ်သလိုနေနေပြီးတော့
အခုတော့ ဝမ်းနည်းနေပြန်ပြီ.. ''

အပိုင်  (Completed) Hikayelerin yaşadığı yer. Şimdi keşfedin