💛23💛

2.1K 139 10
                                    

Unicode


သိပ်လှလွန်းတဲ့ ကျွန်းသည်လည်း ကိုကို့အတွက်တော့ ဒီအချိန်မှာ ရုတ်ဆိုးအကျည်းတန်လျှက်
ရှည်လျှားလှတဲ့ သဲသောင်ပြင်ဖွေးဖွေးလေးကိုလည်း မုန်းမိသည်
တိုက်ခက်နေတဲ့ ပင်လယ်လေကိုအံတုရင်း ကျွန်းငယ်လေးရှိရာ ကမ်းစပ်လေးကိုပြေးရင်း ရောက်ရှိခဲ့တော့
လှိုင်းကြမ်းများနှင့် နစ်မြုတ်ခါနီး ကျွန်းသေးသေးလေးကကြောက်လန့်ဖွယ် စောင့်ကြိုနေသည်

''Kookie!!!!!!''

စိတ်ပင်ပန်းစွာ အာခေါင်ခြစ်၍အော်လိုက်ပေမယ့် လှိုင်းသံများကထိုအသံအား ဖုံးလွှမ်းသွားခဲ့သည်
လှိုင်းကြမ်းများအကြား စိတ်လွတ်ကာ တိုးဝင်ဖို့လုပ်စဥ် ပြန်လည်ဆွဲခံလိုက်ရသော လက်တစ်စုံ

''Jimin! စိတ်ထိန်းအုန်း...လှိုင်းတွေအရမ်းကြမ်းနေတယ်...မင်းပါသေသွားလိမ့်မယ်''

''Kookie...ကို...ငါ...ငါ..ထားခဲ့မိတာ..လွှတ်ပါ..ငါ...သွားခေါ်မှရမှာ''

''Jiminaa.... ''

Yoongi စိတ်လွှတ်နေတဲ့ သူငယ်ချင်းဖြစ်သူအား ဖတ်ထားရင်းပင် ငိုမိလိုက်သည်
ဒီလိုအခြေအနေကြီးက တကယ်ကို ရူးစေနိုင်သည်

တဖြည်းဖြည်း နစ်မြုတ်နေသော နေဝင်ချိန်နဲ့အတူ ကျွန်းကလေးသည်လည်း ပျောက်လုနီးပါး..
သိပ်လှတဲ့သဘာဝတရားကြီးက အခန့်မသင်သည့်အခါ အင်မတန်မှ ကြောက်ဖို့ကောင်းလှသည်

''မဖြစ်ဘူး...ငါ..သွားခေါ်မှဖြစ်မှာ....ငါ့ကိုလွှတ်!!''

''လှေ...လှေ..ဘယ်မှာလဲ...''

လှေဆိပ်ကလေးနဲ့ ဝေးကွာလွန်းသောနေရာဖြစ်တာကြောင့် လှေသည်လည်းမရှိခဲ့ပါ
ထိုလှိုင်းကြမ်းများကိုလည်း လှေငယ်လေးများက အံတုနိုင်မည့်ပုံမပေါ်
အခုအချိန်သည် လုံးဝကူကယ်ရာမဲ့နေသော အခြေအနေပင်

''kookie!....kookie...''

နှောင်တတရား နှင့်အတူ အချစ်ရဆုံးသောသူအားမထင်မှတ်ပဲ ဆုံးရှုံးရမှာ ကြောက်လွန်းသောစိတ်ကြောင့် ခြေထောက်တွေပါခွေယိုင်ကာ သဲသောင်ပြင်ပေါ်ဒူးထောက်လျှက် အော်ဟစ်ငိုယိုနေဖို့ကလွဲပြီး မတက်နိုင်တော့ပါ
ခဏတာလေး စိတ်ဆိုးမိတာကို ဒီကောင်လေးက ခွင့်လွှတ်ခွင့်တောင်မပေးပဲ ထွက်သွားလေသလား

အပိုင်  (Completed) Opowieści tętniące życiem. Odkryj je teraz