💛18💛

2K 156 9
                                    

Unicode

တက္ကသိုလ်....
တက္ကသိုလ် ရောက်ရင်တော့
အပီအပြင်လေလွင့်ပစ်မယ်လို့ ကြံရွယ်ထားတဲ့ လူဆိုးလေးနှစ်ယောက်
အခုတော့ လူရည်ချွန်ကျောင်းသားတွေနီးနီး ငြိမ်ကုတ်နေရကြသည်
တစ်ယောက်က အခြေအနေကြောင့်ဆိုပေမယ့်တစ်ယောက်က ငြိမ်ချင်လို့ကို ငြိမ်နေခြင်းပင်
ဘော်ဒါငြိမ်ရင် လိုက်ငြိမ်နေတက်သော အပေါင်းအသင်းမက်သူတို့၏ သဘောလည်းပါမည်

''မင်း ကိုကို လာမကြိုသေးဘူးလားကွာ''

''ဟုတ်ပ.. ဒီနေ့ကိုကိုနှောက်ကျလိုက်တာ''

တက္ကသိုလ် ကျောင်းရှေ့ လာကြိုမည့်သူကို စောင့်နေကြသည်မှာ မူကြိုကျောင်းသားလေးတွေလိုပင်
ကိုကိုဟာ တက္ကသိုလ်ကျောင်း စဖွင့်ကထဲက နေ့စဥ်ကျောင်းကို အကြိုအပို့လုပ်သည်
ဒါဟာ တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက်တော့ ကြီးမားလှတဲ့ ချုပ်ချယ်မှုကြီးတစ်ခု
ကျောင်းကပြန်ရင် အိမ်မှာခဏပဲနားရပြီး Min company ကို အလုပ်သင် အချိန်ပိုင်း ပြေးရသည်
ညပြန်ရောက်ရင်တော့ စာလုပ်စရာရှိတာလုပ်ပြီးမှ အိပ်ရသည်
ဒါတွေဟာ ကိုကိုက ချမှတ်ပေးထားသော ညီလေးအတွက် တစ်နေ့တာ အချိန်ဇယား

ညီလေးဟာ နေ့စဥ် ထိုအချိန်ဇယားတွေမှာပဲ ပြေးလွှားနေရပြီး မောပန်းသည်ဟူ၍တော့ တစ်ချက်မှ မညီးညူဘူးခဲ့
ကိုကိုရဲ့ အမိန်ကိုနာခံရင်း ကျေနပ်နေတက်သည်ထက်တောင်ပိုနေခဲ့သည်
တနေ့တနေ့ ကိုကိုအမိန်မပေးတော့မည်ကိုတောင် ကြောက်နေတက်သလိုပင်
ဒါတွေဟာ ကိုကို့အပေါ် အမှားကြီးမှားခဲ့သမျှအတွက် တဖန်ပြန်ပြီး
ကိုကို့အား အလုံးစုံ အရှုံးပေးချင်သော စိတ်ကလေးကြောင့်ပါ

တကယ်တော့ ဒီအချိန်ဇယားတွေဟာ ကိုကိုငယ်ငယ်ကလုပ်ခဲ့ရသည့် ပုံစံအတိုင်းပင်
ကိုကိုသည်လည်း တက္ကသိုလ် တစ်ဖက်ဖြင့် အလုပ်အကြောင်း ပင်ပန်းစွာ သင်ယူခဲ့လို့ အခုအချိန် ငယ်ငယ်ရွယ်ရွယ်နဲ့ company ကြီးတစ်ခုလုံးကို ဦးစီးနိုင်ခြင်းဖြစ်သည်
လူငယ်ဘဝကို အလုပ်တွေနဲ့သာ ဖြတ်သန်းခဲ့ရတဲ့ ကိုကို့အတွက် ဒီအရာတွေသည်
ညီလေးအပေါ် ကလေးဆန်လှသည့် လက်စားချေခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်
ဒါပေမယ့် ညီလေးကတော့ ကိုကို့လောင်းရိပ်အောက်မှာ သိပ်ကိုပျော်မွေ့နေပါသည်

အပိုင်  (Completed) Tempat cerita menjadi hidup. Temukan sekarang