Unicode
''Jungkookshi ဒါလေး မိတ္တူ ကူးပေးပါအုန်း..''
''Jungkookshi ဒါလေးကို marketing ဘက်သွားပေးပါအုန်း''
''Jungkookshi ဒီစာရင်းတွေကို ဂိုဒေါင်ထဲသွားထည်ပေးအုန်း''
''Jungkookshi.... ''
''Jungkookshi....''အလုပ်သင်လာလုပ်သော ပထမနေ့မှာတင် Jungkook တစ်ယောက် ဒုက္ခနဲ့လှလှ တွေ့နေရပါပြီ
ခေါ်နိုင်လွန်းကြတဲ့ ကို့နာမည် လှလှလေးကိုတောင် မုန်းချင်လာသလို တစ်ယောက်ယောက်ခေါ်မှာတောင်ကြောက်မိနေသည်
အလုပ်သင်လား လက်တိုလက်တောင်း ခိုင်းဘက်လားဝေခွဲမတက်တော့
Min company အဆောက်အဦးကြီးတစ်ခုလုံးကို လှည့်ပတ်ပြေးနေရလို့ တနေ့ထဲနဲ့ နေရာအနှံသိနေခဲ့ပြီ
အခုလည်း အကုန်လုံးသောက်ဖို့ ကော်ဖီပြေးဝယ်နေရပြန်ပြီ
ကော်ဖီဝယ်ရန် ဆင်းလာတော့ တွေ့လိုက်ရတဲ့ Taehyung....
Taehyung ကိုကြည့်လိုက်တော့ အမကြီးတစ်ယောက်ဘေးတွင် အေးဆေးစာရင်းစစ်တာကိုလေ့လာနေသည်
သူ့လိုပတ်ပြေးနေရတဲ့ပုံမပေါ် ...မနက်ကလာတဲ့အတိုင်း ဆံပင်တစ်ချောင်းတောင်မရွေ့သေး
သူ့ပုံသာ ချွေးသံတရွဲရွဲနဲ့ ဘာပုံပေါက်နေမှန်းမသိတာ
ဒီလိုဖြစ်နေရချိန် တွေးမိလိုက်တဲ့ တရားခံကတစ်ယောက်ထဲ''ဟွန်း...Yoongi Hyung ...လူက ခန့်ညားချင်သလိုလိုနဲ့ အကျင့်ကတစ်စက်ကလေးမှမကောင်းဘူး ငါနဲ့တွေ့မယ်..''
အလုပ်နဲနဲပြီးသွားတာနဲ့ Yoongi အခန်းထဲသို့ပြေးသွားကာ..
''Yoongi Hyung.. ''
ခေါ်လိုက်တော့မော့ကြည့်လာသူမှာ တကယ်အလုပ်ရှုပ်နေပုံပင်
စာရွက်တွေကို အကြည့်မလွဲပဲ''အေး..Jungkook.. ဘာကိစ္စရှိလို့လဲ''
''ကျွန်တော့်ကို ဘယ်လိုလုပ်လိုက်တာလဲ.... ကျွန်တော် သွားရတဲ့ section ကလူတွေကလေ ကျွန်တော့်ကို အရမ်းခိုင်းကြတာပဲ ''
''အော်အေး...အလုပ်သင်ဆိုတော့ လုပ်ပေးရမှာပေါ့.. ဒါထုံးစံပဲလေ''
''မဟုတ်ဘူး... Taehyung ကြတော့ ထိုင်ပြီးစာရင်းစစ်နေရတာ ကျွန်တော်ကြ ရှောက်ပြေးနေရတာ.... ကျွန်တော့်ကို Taehyung တို့ section မှာပဲ နေရာပေးပါလား''
''မရဘူး Jungkook ရဲ့''
''ဘာလို့လဲ?...ကျွန်တော်ကြပင်ပင်ပန်းပန်းလုပ်နေရပြီး.. Taehyung ကြအရမ်းသက်သာနေတာမတရားဘူးလေ...
...ဘာလဲ Hyung ..Taehyung ကိုကြိုက်နေတာလား..''
KAMU SEDANG MEMBACA
အပိုင် (Completed)
Fiksi Penggemarပိုင်ဆိုင်ချင်တာပဲ သိခဲ့လို့ပါ 'ကိုကို' ပိုင္ဆိုင္ခ်င္တာပဲ သိခဲ့လို႔ပါ 'ကိုကို' 17.5.2022_>>>_13.7.2022