💛2💛

3.2K 243 6
                                    

Unicode

'ကိုကိုရေ ကိုကို....''

မနက်မိုးလင်း မျက်လုံးစပွင့်တာနဲ့ အရင်ခေါ်တဲ့နာမည်က အရင်ကမားမားဖြစ်ခဲ့ပေမယ့် အခုတော့ ကိုကိုက အစားနေရာယူခဲ့ပြီ
အိပ်ရာနိုးလို့ ပထမဆုံးမြင်ရတဲ့မျက်နှာက ကိုကိုမဟုတ်ရင် တစ်နေကုန်စိတ်မကြည်တက်ပါ
နေတိုင်းကိုကိုက kookieမနိုးခင် အိပ်ရာဘေးလာစောင့်နေတက်ပေမယ့် ဒီနေ့ရောက်မလာ
အိပ်ခန်းထဲက ထွက်ပြီး အော်ခေါ်နေလဲရှာမတွေ
'ကိုကို ဘယ်ရောက်နေပါလိမ့်'
အပေါ်ထပ်မှာမတွေ့တာကြောင့် အောက်ထက်က ဧည်ခန်းကို ဆင်းလာတော့မှ kookieရဲ့မျက်လုံးပြူးကျယ်သွားရသည်

''ဒါ Mr.Jeonတို့ရဲ့ သားအကြီးလေးလား အစက Mr.Jeonတို့မှာ သားလေးတစ်ယောက်ပဲရှိတယ်ထင်တာ ''

''ဟုတ်တယ် minieလေးက ကျွန်တော်တို့ဘဝထဲ ဝင်လာတာမကြာသေးဘူး ''

''minie လေးတဲ့လား ချစ်ဖို့ကောင်းလိုက်တာ''

ထိုလူကြီးမှာ ကိုကို့ကို သူ့ဘေးမှာထိုင်ခိုင်းကာ ဖတ်ထားပြီး ပါးလေးကိုဆွဲလိုက် နှဖူးလေးကိုနမ်းလိုက်လုပ်နေသောကြောင့်
ငါးနှစ်အရွယ် kookieလေး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရတဲ့အထိ ဒေါသထွက်ခဲ့ရပြီ

''ကိုကို!!!''

အော်ခေါ်လိုက်တော့ စကားဝိုင်းက လူတွေအကုန် kookieလေးကို လှန်ကြည့်ကြသည်

''kookie လေး နိုးပြီလား''

ပြောစကားတွေကို နားထဲမဝင်
ကိုကို့ကို ဖတ်ထားတဲ့ လူကြီးဆီပြေးသွားပြီး ခြေထောက်သေးသေးလေးတွေနဲ့
ထိုလူကြီး၏ခြေထောက်တွေကို တက်နင်းကာ နှစ်ယောက်ကြားထဲအတင်း တွန်းထိုင်လိုက်ပြီး ကိုကို့ကို ဖက်ကာ အာပြဲကြီးဖြင့် အော်ငိုပလိုက်သည်

''အီးးးဟီးးးးးကိုကို.. သားကို လာမနိုးဘူးး....ကိုကို...ပျောက်လို့ kookieလိုက်ရှာနေရတာ... ''

ဟိုလူကြီး မှာတော့ ခြေထောက်အနင်းခံလိုက်ရလို့နာနေချိန် တွန်းထုတ်ခံလိုက်ရလို့ ဖရိုဖရဲဖြစ်သွားကာ ကလေးတစ်ယောက်ရဲ့ ဆူညံစွာငိုယိုနေမှုကြောင့် တော်တော် စိတ်ညစ်သွားသည့်ပုံ
လူကြီးလူကောင်းတစ်ယောက်မို့ ရှက်လည်းရှက်သွားသည်

အပိုင်  (Completed) Onde histórias criam vida. Descubra agora