Unicode
"Congratulations ပါ ငါ့သူငယ်ချင်းကြီး''
အရက်ခွက်အားငှဲ့ ပေးပြီး ပြုံးရွှင်စွာ ဂုဏ်ပြုစကားပြောပေးသူအား Yoongi ငေးကာကြည့်နေမိသည်
''ငါ့ကို ဘာလို့အဲ့လောက် ကြည့်နေရတာလဲ..မင်းအဲ့လိုကြည့်နေတော့ ငါမနေတက်တော့ဘူး..''
ပြုံးယဲ့ယဲ့နဲ့ ပြောနေသူအား Yoongi လွမ်းစွတ်စွာပင်ဖက်လိုက်မိသည်
''ကျေးဇူးပါ.... ကျေးဇူးပါ Jimin ရာ..အခုလို သတိရလာပေးတဲ့အတွက် တကယ်ကျေးဇူးပါပဲကွာ..နို့မိုဆို ငါတသက်လုံး ငါ့ကိုငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး. .''
ငိုကာပင် ကလေးလေးတစ်ယောက်လို ဖက်တွယ်ကာ ပြောနေသူအား ပြန်ဖက်ထားလိုက်သည်.
ဘေးကကလေးနှစ်ယောက်လည်း ထိုမြင်ကွင်းအား သဘောကျနားလည်စွာ ကြည့်နေကြလျှက်''ပြီးတော့ ငါတောင်းပန်တယ်...မင်းကိုနာကြင်စေခဲ့တာ.. ငါ့ကြောင့်...ငါသတ္တိ မရှိခဲ့လို့ .ငါအသုံးမကျခဲ့လို့ ဖြစ်ခဲ့ရတာ.. ''
ဖခင်ဖြစ်သူ ကြောင့်အသက်ဆုံးရှုံးရတော့ မလိုတောင်ဖြစ်ခဲ့တာမို့ အားနာနေမှုသည် ပြောမပြတက်အောင်
အဲ့နေကသာ ကလန်ကဆန် ပြန်မပြောခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတဲ့ နှောင်တတရားတွေကလည်းကြီးစိုးနေခဲ့တာ နေ့တိုင်းအလိုလိုပင်
တခြားသူတွေပင်ပန်းတာထပ်စာရင်
Yoongiသည် စိတ်အပင်ပန်းခဲ့ရဆုံးလူသားတစ်ယောက်''မဟုတ်ဘူး... လုံးဝမင်းအပြစ် မဟုတ်ပါဘူး သူငယ်ချင်းရာ...ငါ့မှာဖြစ်ကံပါလို့ ဖြစ်ခဲ့ရတာပါ
အခုလည်း ငါသက်သာနေပြီပဲကို''''ဒါပေမယ့်.. ''
''ဒါပေမယ့် မနေနဲ့.. မင်္ဂလာဦညကြီးမှာ ငိုမနေပဲ ပျော်ပျော်နေစမ်းပါကွာ..''
ဤသို့ဖြင့် မီးပုံပွဲလေးလည်း တဖန်အသက်ဝင်လာကာ ရီမောသံများ ဖြင့်သာပြည့်လျှံနေလျှက်..
ညပင်လယ်လေကြောင့် အေးစက်နေပင်မယ့်
မေတ္တာအနွေးဓတ်များကြောင့် နွေးထွေးမှုရှိနေဆဲ''ရား..Taehyung..မင်းဒီညတော့ အမူးသောက်ရမယ်''
''မဖြစ်ဘူး.!''
VOCÊ ESTÁ LENDO
အပိုင် (Completed)
Fanficပိုင်ဆိုင်ချင်တာပဲ သိခဲ့လို့ပါ 'ကိုကို' ပိုင္ဆိုင္ခ်င္တာပဲ သိခဲ့လို႔ပါ 'ကိုကို' 17.5.2022_>>>_13.7.2022