💛25💛

1.9K 120 15
                                    

Unicode

ဒီနေ့လဲ CEO Parkတို့ အလုပ်တွေ
ပြီးပြီးမပြီးပြီး ပစ်ချလျှက် သူ့ရဲ့ မူကြိုကျောင်းသားလေးအားကြိုရန်ထွက်လာခဲ့သည်
အရင်က
ချုပ်ချယ်ချင်လို့ အကြိုအပို့လုပ်ခဲ့ပြီး အခုတော့ စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ညီလေးအနားက မခွာနိုင်ဖြစ်နေပြန်သည်

Min company ရှေ့အရောက်
လွယ်အိတ်လေးလွယ်ကာ စောင့်နေတဲ့ကောင်လေးက ယုန်သွားလေးတွေ ပေါ်အောင်ရီပြရင်း လက်ကလေးကိုမြှောက်၍ဝှေ့ရမ်းကာ ကြိုနေပုံလေးကြောင့် CEO Park အတွက်တော့ အမောပြေသည်ထက် အချစ်တွေလဲပိုရပြန်သည်
ဒါကြောင်လည်း တစ်နေ့မကြိုရမနေနိုင်တာပေါ့
ဒီလိုချစ်ဖို့ကောင်းနေလို့ တစ်ယောက်ယောက် ပွေ့ချီသွားရင်ဖြင့် ရင်ကျိုးရချည်ရဲ့

ကားလေးရပ်လိုက်တော့ Taehyung ပါပါတာကြောင့် နှောက်ခန်းမှာပဲ နှစ်ယောက်လုံးဝင်ထိုင်စေကာ ကားလေးကိုမောင်းနှင်လိုက်သည်

''kookie ဒီနေ့ရော အလုပ်မှာအဆင်ပြေရဲ့လား''

''အင်း အဆင်ပြေတယ်''

''kookie တကယ် ပန်ချီသင်တန်းပြန်မတက်တော့ဘူးလား..''

ကိုကိုက ညီလေးကို company ကထွက်ကာ ဝါသနာပါတဲ့ ပန်းချီသင်တန်းပြန်တက်ခိုင်းသော်လည်း ညီလေးက
ကိုကို့ကို ကူညီနိုင်အောင်ဆိုပြီး ပေကပ်နေခြင်းပင်
ကိုကို့စိတ်ကြိုက် စီးပွားရေးတက္ကသိုလ်သာတက်ခဲ့ပြီး ညီလေးလည်း စီးပွားရေးနယ်ပယ်ကို စိတ်ဝင်တစားဖြစ်နေတာကြောင့်ပင်

''နှောက်မှပေါ့ ကိုကိုရာ အခုကျွန်တော် စီးပွားရေး စိတ်ဝင်စားနေလို့''

''ကောင်းပါပြီ..
ဒါဆို Taehyung ကရော ပန်ချီသင်တန်းပြန်မတက်တော့ဘူးလား. ''

ငြိမ်နေတဲ့ Taehyung ကိုစကားခေါ်လိုက်သော်လည်း စကားပြန်မလာခဲ့..
ကောင်လေးကတစ်ခုခုတွေးကာ ငိုင်နေပုံ့

''ဟဲ့.. Taehyung. ''

''ဟမ်. အင်းး ဘာလဲ''

''ကိုကိုကမေးနေတယ် ပန်ချီသင်တန်းပြန်မတက်ဘူးလားတဲ့''

''အင်း ပြန်တက်ရင်ကောင်းမလားလို့
ကျွန်တော်ဒီ company မှာမလုပ်ချင်တော့ဘူး''

အပိုင်  (Completed) Tempat cerita menjadi hidup. Temukan sekarang