💛15💛

2.3K 160 6
                                    

Unicode

ဒီနေ့လည်း မနေ့ကအတိုင်း ခန္ဓာကိုယ်ပေါ်က နာကြင်မှုတွေနဲ့အတူ နိုးထလာခဲ့​ရပြန်သည်
ဘေးနားကလွတ်နေတဲ့ နေရာကွက်လပ်သည်လည်း မနေ့ကအတိုင်း
မနေ့ကနဲ့မတူ ပြောင်းလဲလာတာဆိုလို့ တိုးပွားလာတဲ့ ခန္ဓာကိုယ်ပေါ်က အနီရောင်အကွက်တွေသာရှိသည်
ကိုယ့်အချစ်ကို တန်ဖိုးမထားတဲ့ ကိုကို့အကြောင်းကိုလည်း ပြန်တွေးပြီးပူဆွေးမနေချင်တော့၍ လုပ်စရာရှိတာလုပ်ရန် အိပ်ရာပေါ်က ထခဲ့လိုက်သည်
ဒီနေ့တော့ သင်တန်းသွားမည်ဖြစ်တာကြောင့်ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်ကာ လွယ်အိပ်ကလေးလွယ်ပြီးဆင်းလာခဲ့သည်
အိမ်မှာ ဘယ်သူမှမရှိဘူးဟုထင်မိခဲ့ပေမယ့် ထမင်းစားခန်းထဲက မြင်ကွင်းတခု ကြောင့် အလိုလိုပြုံးမိလျှက်သား

'ကိုကိုက မနက်စာစားဖို့တော့ စောင့်နေပေးသေးသားပဲ
ငါ့အပေါ်ချစ်လောက်ပါသေးတယ် ဟီးး'

အလုပ်သွားရန်ပြင်ဆင်ထားသော ကိုကိုသည် CEOတစ်ယောက်၏ ဂုဏ်ပုဒ်နဲ့အညီလိုက်ဖက်စွာ ခန်းနားထည်ဝါလျှက်..
ထမင်းစားစာပွဲကြီးရဲ့ အလယ်တွင်
စမက်တကျထိုင်ကာ ကော်ဖီတစ်ခွက်ကို နှစ်ခြိုက်စွာသောက်နေသောပုံရိပ်သည် ခန်းနားလှသောJeonစံအိမ်တော်ကြီးအား ပို၍ခန်းနားစေခဲ့သည်
တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ တော်ဝင်ပန်းချီကားတစ်ချက်အား ငေးမောနေရသလိုပင်

မနက်စာ စားပွဲဝိုင်းထဲ ဝင်ထိုင်လိုက်တော့ ခန်းနားလှတဲ့ကိုကိုက တစ်ချက်မော့ကြည့်ကာ

''ဖေဖေနဲ့မေမေ မရှိတော့ ဒီအိမ်ကြီးနဲ့ မနက်စာထမင်းဝိုင်းလေးက ခြောက်ကပ်နေတာပဲ..''

အပေါ်ကိုမော့ကြည့်ကာ တစ်ယောက်ထဲ ညီးညူကာပြောနေသောကိုကို..
တကယ်တော့ မိဘတွေရဲ့တန်ဖိုးနှင့် မိဘတွေမရှိတော့သည့်အခါလစ်လပ်သွားတဲ့ ခံစားမှုကို ညီလေးအားသိစေချင်ခဲ့လို ပြောနေခြင်းသာ
သို့ပေမယ့် ညီ​လေးကိုကြည့်လိုက်တော့
မထုံတထေး
ဒါ့အပြင် ခုနှကလေးတင် ကိုကို့ကိုငေးကြည့်ရင်း ညီလေးရင်ထဲ ပန်းတွေပွင့်ခဲ့တယ်ဆိုတာသာ ကိုကိုသာသိခဲ့ရင် သွေးတက်သွားနိုင်သည်

အပိုင်  (Completed) Onde histórias criam vida. Descubra agora