💛1💛

5.9K 302 7
                                    

unicode

မှောင်မဲနေတဲ့ အခန်းဒေါင့်လေးတွင် ငြိမ်သက်စွာထိုင်နေခဲ့တဲ့ကောင်လေး
ဘယ်အချိန်ထဲက ထိုင်နေခဲ့မှန်းမသိခဲ့။
မီးဖွင့်ဖို့ရာပင်မေ့နေပုံ။
ဖြာကျနေသော လမင်းရဲ့ အလင်းရောင်မှိန်မှိန် လေးနဲ့တင် ဓတ်ပုံထဲက ဖေဖေနဲ့ မေမေမျက်နှာက တောက်ပနေဆဲ....
အနက်ရောင်ဝတ်စုံဖြင့် ငိုကြွေးနေခဲ့သောကောင်လေးသည် နောင်တတွေ
တပွေ့တပိုက်ဖြင့် ဖြေမဆယ်နိုင်ဖြစ်နေရသည်

...........

15 Year ago....

''ပါးပါး မားမား ဘယ်သူမှမရှိကြဘူးလား
အီဟီးးးးးးး''

အိပ်မှုန်စုတ်ဖွားလေးဖြင့် အော်ငိုနေသော
ငါးနှစ်အရွယ် Jeon သခင်ပေါက်စလေးကြောင့် တစ်အိမ်လုံးပြာယာခက်လျှက်

''သခင်လေးရဲ့ ပါးပါးနဲ့ မားမားက အရေးတကြီးကိစ္စရှိလိုဆိုပြီး မနက်အစောကြီးထသွားကြတယ်ကွဲ့ မကြာခင်ပြန်ရောက်လိမ့်မယ်နော် မငိုနဲ့''

''ဘာလိုလဲ ပုံမှန်ဆို မားမားက လာချီပြီးနှိုးနေကြ အခုသားဘာသာ ထလာရတယ် မရဘူး မားမားကိုခေါ်ပေး''

မနက်တိုင်းမားမားက ချီခေါ်မှ ထတက်သောကောင်လေး ထူထူခြားခြား အစောကြီးနိုးကာ သောင်းကျန်နေသောကြောင့်
အထိန်းတော်ကြီးနှင့် အိမ်ဖော်များသည်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ
Jeon သခင်လေးကတော ငိုမြဲတိုင်း ဇွဲရှိရှိနဲ့ပင်ငိုနေသည်

ထိုအချိန် ကားရပ်သံနှင့်အတူ မိဘများတလောတကြီးပြေးလာကြသည်
ကားရပ်လိုက်သည်နှင့် သခင်ပေါက်စလေးရဲ့ ငိုသံက အတိုင်းသားကြားနေရလို့ပင်

''အို..မားမားရဲ့ သားလေးက အစောကြီးနိုးနေတာပဲ တိတ်တိတ်မငိုနဲ့ ''

''မားမားကလည်း နောက်တခါ အဲ့လို တစ်ယောက်ထဲမထားခဲ့ပါနဲ့ နော်''

မားမားရဲ့ရင်ခွင်ထဲဝင်ကာ ချွဲကောင်းနေတုန်း တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် မော့ကြည့်လိုက်တော့
စမြင်လိုက်လိုက်ရတဲ့ ပန်းနုရောင်နှုတ်ခမ်းထူထူလေး ပြီးတော့ ပါးဖောင်းဖောင်းရဲရဲလေးနှင့် နောက်ဆုံးသူ့အား
စိတ်ဝင်တစားကြည့်နေတဲ့ မျက်ဝန်းမှေးမှေးလေးတစ်စုံ
ဒါ မေမေတို့ဝယ်လာတဲ့ အရုပ်ကလေးလား

အပိုင်  (Completed) Onde histórias criam vida. Descubra agora