💛30💛

2K 127 7
                                    

Unicode


''Park group ရဲ့ အခြေအနေက ဘယ်လိုဖြစ်တာလဲ အခုတလော တိုးတက်မလာပါလား
သူတို့မှာ ဘာပြသနာများရှိနေလို့လဲ''

စိုးရိမ်လို့တော့မဟုတ်
ပြသနာရှိပါက ထိုပြသနာကို တိုးပွားအောင် လုပ်ပေးမလို့ပင်

''ကျွန်တော် စုံစမ်းရသလောက်ကတော့ အခုတလော CEO Park က အလုပ်အပေါ် သေချာအာရုံစိုက်နိုင်ပုံမပေါ်ဘူးလို့ ပြောနေကြတယ်''

''ဘယ်လို? ''

Mr. min မှာ အလုပ်အပေါ် အရမ်းအလေးထားတက်တဲ့ CEO Park တစ်ယောက် အလုပ်အပေါ်အာရုံမစိုက်နိုင်ပုံကို စိတ်ဝင်စားလျှက်

''ဟို..သူ့အမျိုးသားကြောင့်လို့ ပြောနေသံကြားလို့ပါ''

''Mr.Jeon တို့ရဲ့ သားအရင်းလေးကိုပြောတာလား သူက?''

''ဒီလိုပါ CEO ခမျာ အဲ့ကလေးက အခုတလောအရမ်းဆိုးသွမ်းနေလို့ လိုက်ထိန်းနေရပြီး ငွေကိုလည်း အလွန်တရာ ဖြုန်းတီးတယ်လို့ကြားရပါတယ်''

ထိုအဖြေအား Mr.min မှာသဘောတကျရီမောလျှက်

''Park Jimin တို့တော့ ထီပေါက်တာပဲ
အင်းပေါ့လေ သူများပစ္စည်းဥစ္စာကို မတရားယူပြီး အမြဲအကောင်းကြီးပဲတော့ ဘယ်ရမလဲ''

''ဟုတ်ပါတယ် ရဲစခန်းကိုလည်း ခဏခဏရောက်ပါတယ်တဲ့''

''Mr.Jeon တို့ရဲ့သားက မထင်ရဘူးပဲ..
ဒါနဲ့ ငါ့သား အခြေအနေရော ဘယ်လိုလဲ ''

Yoongi အိမ်ပေါ်က ဆင်းသွားပြီးသော်လည်း Mr.Min ကအမြဲတစေ စောင့်ကြည့်နေဆဲပင်

''အခု Min သူဌေးရဲ့ Hotel company လေးက နာမည်ရသလောက်ရနေပြီး အဲ့company ကလုပ်မယ့် project အသစ်ကိုလည်း လူတော်တော်များများစိတ်ဝင်စား နေတယ်လို့ သိရပါတယ်.. ''

သားဖြစ်သူရဲ့ အခြေအနေကြောင့် Mr.Min ပြုံးကာ

''တော်တယ်..ငါ့သားလို့မပြောရဘူး''

''ဗျာ!''

Mr.Min ရဲ့ ချီးကြူးစကားကြောင့် သူ့အတွင်းရေးမှုးပင် အံသြသွားရသည်
အမြဲ သားကို ကန့်လန့်တိုက်နေခဲ့တဲ့အဖေတစ်ယောက်မှတ်လား

''အတွင်းရေးမှု Jo ..မင်းသိလား
ငါလေ ငါ့သားကိုပျော့တီးပျော့ဖက်မို့ အရမ်းစိတ်ပူနေခဲ့ရတာ
အဲ့ဒါကြောင့် ငါသူ့အပေါ် ဘယ်တော့မှ ချိုသာစွာ မဆက်ဆံခဲ့ဘူး
သူက တစ်ဦးတည်းထဲသောသား..။
ငါမရှိတော့တဲ့အချိန် သူတစ်ယောက်ထဲ လောကကြီးမှာ ကျန်ခဲ့ရမှာ
အဲ့ဒါကြောင့် ငါ့သူ့ကိုသန်မာအောင် လေ့ကျင်ပေးခဲ့တာ ငါ့ကိုမုန်းနိုင်ပေမယ့်ပေါ့''

အပိုင်  (Completed) Onde histórias criam vida. Descubra agora