💛29💛

1.8K 124 12
                                    

Unicode

''ကိုကို ကျွန်တော့်ကို ငွေလွဲပေးလိုက်အုန်း..''

တောင်းဆိုနေတာလဲမဟုတ် အမိန့်ပေးသလိုလဲမဟုတ် မဖြစ်မနေလုပ်ပေးမှရမယ်ဆိုတဲ့ ဂျစ်ကန်ကန် လေသံမျိုး

''မနေ့ကမှ အများကြီး လွဲပေးထားတာလေ
ဘာတွေလျှောက်သုံးနေတာလဲ  ..''

''မမေးနဲ့   ..မပေးချင်ဘူးမှတ်လား
ဖုန်းချလိုက်တော့မယ်''

လိုချင်တာမရလို့ စိတ်ဆိုးဟန်နဲ့ ဖုန်းချလိုက်တဲ့ကောင်လေးဟာ တစ်ဖက်က kookie ဆိုတဲ့ခေါ်သံကို ကြားမည့်ပုံမပေါ်တော့

''ငါဒီနေ့ ဝိုင်းထိုင်လို့မရတော့ဘူး..ငါကိုငွေလွဲမပေးဘူးထင်တယ်''

''ဝိုင်းမသွားတာပဲကောင်းပါတယ်
မင်းကဆော့တိုင်းရှုံးတယ် ဖဲနဲ့ကံတော်တော်မပါဘူးထင်တယ်''

''ငါက. တမင်ရှုံးအောင်ဆော့တာ..
ကိုကို့ ပိုက်ဆံတွေကို ဖြုန်းဖို့လေ''

ပြောနေသူမှာ ဂုဏ်ယူဝင့်ကြွားမှုအပြည့်။
ထို့ကြောင့်ပဲ
သူဝိုင်းသွားတိုင်း အကုန်လုံးက ကြိုဆိုကြသည်
ဖဲကိုပေါ်တင်လိမ်ရိုက်ရင်တောင် ဘာမှမပြောသူမို့ လူတိုင်းက အကြိုက်တွေ့လျှက်
ဒါ့အပြင် တွေ့တဲ့သူတိုင်းကို ဒကာခံတက်သူမို့ လူချစ်လူခင်လည်းပေါသလို
ကြည့်မရတဲ့သူတွေကိုဆိုလျှင်လည်း ရိုက်နှပ်ကာ ရော်ကြေးပေးပြီးပြန်လွှတ်သည်
ဒါက ညီလေးရဲ့ ကိုကိုရှာသမျှငွေများကို
ဖြုန်းတီးခြင်းအနုပညာ

''ဘယ်လို? မင်းဟာက အဆန်းကြီး''

ထိုစဥ် ဖုန်းထဲသို့ဝင်လာသော massage တစ်ခုကြောင့် ညီလေးရဲ့မျက်နှာ ရွှင်လန်းသွားရသည်
ထို massage ကား card ထဲသို့ငွေအမြောက်အများဝင်လာသော massageပင်

''ရောက်ပြီ Taehyung ဒါပေမယ့်
ငါဝိုင်းမသွားချင်တော့ဘူး bar သွားထိုင်မယ်
ပြီးတော့ ဘာဝယ်ရင်ကောင်းမလဲ....''

''ဖြုန်းဟေ့ ဖြုန်း.. မင်းကိုငါဘာမှမပြောတော့ဘူး''
ဖြုန်းနိုင်လွန်းသော ညီလေးအား Taehyung ပင်တခါတလေ အမြင်ကပ်လှသည်

''မပြောနဲ့.. ငါနှောက်သာလိုက်ခဲ့..''

ဒီလိုနဲ့ ပြိုင်ကားအနီရောင်လေးတစ်စီးသည် အရှိန်ပြင်းစွာရွှေ့လျှားလျှက်
ညီလေးငွေဖြုန်းမည့် ပစ်မှတ်နေရာတစ်ခုသို့ ဦးတည်ရွှေ့လျှားလျက်

အပိုင်  (Completed) Donde viven las historias. Descúbrelo ahora