unicode
kookie မျက်နှာပျက်ကာ တစ်နေရာကိုအလောတကြီး ထွက်သွားတာကြောင့် jiminမှာ စိတ်ပူပြီး kookieနောက်ကိုပြေးလိုက်သွားသည်
အလောတကြီးဖြစ်နေတဲ့ kookieရဲ့ပုံစံဟာ
မူမမှန်
ညီကို အရိပ်တကြည့်ကြည့် နေတက်တဲ့ အကိုတစ်ယောက်အတွက် စိုးရိမ်စရာအခြေအနေပင်
kookie မှာ ဘာပြသနာများရှိနေမလဲဟု စိုးရိမ်မိနေသည်မှာအမှန်ပင်
သို့ပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းက
ကို့မျက်စိတောင် ကိုမယုံနိုင်
kookieက ဒီလိုမျိုး မိန်းကလေးတစ်ယောက်ကို လုပ်ရက်တဲ့သူမျိုးလား
မျက်နှာပုံစံကလည်း ချစ်စရာညီလေးရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးမဟုတ် ကောက်ကျစ်ကာ ကြောက်ဖို့ကောင်းနေသည်
'ချစ်စရာ ငါ့ညီလေးကလေ'''kookie!!!!''
''ကိုကို....''
kookie မှာတော့ ကိုကိုမြင်သွားတာကြောင့် မျက်နှာလေးငယ်ကာ စိုးရိမ်ထိတ်လန့်နေသော မျက်နှာငယ်လေးအဖြစ်ချင်ချင်းပြောင်းလဲသွားသည်
jiminက kookieကိုတစ်ချက်ကြည့်ကာ သတိလစ်နေတဲ့ ကောင်မလေးကို ကြည့်လိုက်တော့ အသက်လည်းရှုနေသေးသည်
လှေကားသုံးထစ်စာ လောက်ကပြုပ်ကျတာကြောင့် ဒဏ်ရာလည်း သိပ်မပြင်း
တော်သေးတာပေါ့ဟု စိတ်ဖြေကာ
kookie ကိုပြန်ကြည့်လိုက်တော့ ဒီကောင်လေး ငိုလို့တောင်နေလေပြီအပေါ်ထက်က လူတွေဆင်းလာသံကြားတာကြောင့် kookieလက်ကိုဆွဲကာ ထွက်ပြေးခဲ့တော့သည်
အရင်ဆုံး kookie ကိုအရင်ကာကွယ်ရမည်
kookie အပြစ်ပေးခံရလို့မဖြစ်
ဒီအပြစ်က ကျောင်းတောင် အထုတ်ခံရလောက်သည်
လူတွေမမြင်ခင် အမြန်ပြေးထွက်ကာ လူရှင်းတဲ့ ဒေါင့်တစ်နေရာရောက်တော့ ရပ်လိုက်သည်kookieကတော့ တရှုံရှုံငိုနေဆဲ
ကိုကိုမုန်းသွားမှာကြောက်သည်
လူမဆန်တဲ့သူဆိုပြီး ရွံသွားမှာကြောက်သည်
အရမ်းဆိုးတဲ့ကောင်လေးဆိုပြီး
မချစ်တော့မှာသေအောင်ကြောက်သည်''ကိုကို....အဟင့်!! kookieလေ....''
''kookie!!.....ငါ့ညီလေး....''
jiminမှာ kookieကို ဖက်ကာ ချုံးပွဲချအောင်ငိုပါတော့သည်
kookieမှာတော့ ကြောင်အလျှက်
ကိုကို စိတ်ဆိုးမယ်လို့ ထင်ထားခဲ့တာလေ
'အခုကိုကိုငိုနေရတယ် ကိုကိုငိုတာငါ့ကြောင့်'
ESTÁS LEYENDO
အပိုင် (Completed)
Fanficပိုင်ဆိုင်ချင်တာပဲ သိခဲ့လို့ပါ 'ကိုကို' ပိုင္ဆိုင္ခ်င္တာပဲ သိခဲ့လို႔ပါ 'ကိုကို' 17.5.2022_>>>_13.7.2022