Unicode
ဒီရက်ပိုင်းအတွင်း သိသိသာသာ Jungkook တစ်ယောက် ကိုကို့အပေါ် အတင့်ရဲလာပြီး ပို၍ဆိုးလာသည်
ပြောစကားလဲနားမထောင်သလို နည်းနည်းလေး ဆုံးမမိတာနဲ့ နှုတ်ခမ်းတထော်တော်နဲ့ ပြန်ရန်တွေ့ခံရသေးသည်
မနက်ဆို အခန်းထဲလာကာ ကျောင်းလိုက်ပို့ချိန်ထိ ဘေးမှာကပ်ပြီးနှောက်ယှက်တက်သည်
ညနေကျောင်းကြိုချိန် နှောက်ကျမိပါက
မရှိတဲ့ပြသနာကို မီးထွန်းရှာကာ သောင်းကျန်းတက်သေးသည်
Barပေါင်းစုံမှာလည်း အရက်သောက်နေတက်ပြီး မူးရူးနေတက်လို့ ဘယ်နှခါသွားခေါ်ခဲ့ရပြီးပြီးလဲတောင် မမှတ်မိတော့
ညာဘက်လက်တွင်ဘည်း tatooအပြည့်ဖြင့် တကယ့်လူဆိုးလေးအသွင်
ညတိုင်း မူးပြီး တိုက်ခန်းမှာပဲ သိပ်ရလွန်းလို့
အဖေနဲ့အမေ ကိုတောင် 'kookie ကျွန်တော့် အခန်းမှာ အေးဆေး ပန်ချီဆွဲရင်း အိပ်တယ်'လို့ လိမ်ထားရသည်အခုလဲ Taehyung ဖုန်းခေါ်လို့ Barတစ်ခုကိုလာရပြန်သည်
Taehyung က Jungkook လို ညနက်အောင်အိမ်အပြင်နေတက်တဲ့သူမဟုတ်၍
သူအိမ်ပြန်ခါနီး Jungkook ကိုခေါ်လို့မရတိုင်း Jimin အား အမြဲလှန်းခေါ်ရသည်ဖုန်းလက်ခံပြီးချက်ချင်း ညီတော် ရှိရာသို့အပြေးလာရပြန်သည်
ရောက်ရှိနေတဲBarမှာ အရင်လိုလူသန့်တွေချည်းရှိတဲ့Barမျိုးမဟုတ်
လူပေါင်းစုံစရိုက်ပေါင်းစုံဖြင့် ဝင်လာကတည်းကအဆင်မပြေ
ဆေးချနေသူများနှင့် လောင်းကစားဝိုင်းများပါ လွတ်လပ်စွာပြုလုပ်နေလျှက်
မြင်မကောင်းသောမြင်ကွင်းများ ရှိရာလှည့်ကြည့်မိတော့ နှခေါင်းရှုံ့မိသည်'ဒီလိုနေရာမျိုး kookie ကဘာလာ
လုပ်ပါလိမ့် ဒီကောင်လေးဆိုးလိုက်တာ'
ဟုစိတ်ထဲမှာတွေးရင်း ရှာနေရင်း
ပိုဆိုးတဲ့မြင်ကွင်းတစ်ခုက မျက်လုံးထဲဝင်ရောက်လာသည်ကောင်မလေးတစ်ယောက်. မဟုတ်ဘူး.
မိန်းမပျက်လို့ပြောရင်ပိုမှန်မည်
တိုတက်နေသောစကပ်ကို ဖင်ဖုံးရုံဝတ်ပြီး
ရင်ဟိုက်နေသောအင်္ကျိမှာလဲ မြင်လို့ပင်မကောင်း
ထိုသို့ဆင်ယင်ထားသော မိန်းမတစ်ဦးက Jungkook ရဲ့ပေါင်ပေါ်ထိုင်ကာ မျက်နှာချင်း ထိတော့မည်ဆဲဆဲပူးကပ်ကာ အီစီကလီစကားများ ပြောနေသောမြင်ကွင်းမှာ
Jimin၏ မျက်လုံးတွင် စက်စုပ်ဖွယ်ရာအတိ
ရင်ထဲတွင် လောင်ကျွမ်းလာသော ဒေါသမီးသည် ကိုယ်တိုင်တောင် ထိန်ချိန်မရ အောင်
ပူလောင်လာသည်
STAI LEGGENDO
အပိုင် (Completed)
Fanfictionပိုင်ဆိုင်ချင်တာပဲ သိခဲ့လို့ပါ 'ကိုကို' ပိုင္ဆိုင္ခ်င္တာပဲ သိခဲ့လို႔ပါ 'ကိုကို' 17.5.2022_>>>_13.7.2022