uni အခန်း ၁

358 10 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁)

" ဟူး…… "
     ခနဲတိုက်ခက်လာသည့် လေပြေရိုင်းလေးတွေဟာ ခန္ဓာကိုယ်ရှိအဝတ်ကိုပါမကပဲ နှလုံးသားထဲအထိ အေးစက်နေအောင်တိုက်ခက်နေကြသည်။
    ညနေခင်းရဲ့နေဝင်ဆည်းဆာနှင့်ကန်ရေပြင်ရဲ့
အလှတို့ပေါင်းစပ်ကာ သဘာဝအလှတရား ညနေဆည်းဆာတစ်ခုအဖြစ်ဖော်ကျူးနေတဲ့ သည်ကမ္ဘာမြေကြီး။ ကမ္ဘာကြီးဟာသူ့အလျောက်သူနေ သဘာဝဟာလည်းဘယ်သူ့ကိုမနှောင့်ယှတ်
တိလည်းသူတို့တွေကိုသွားမနှောင့်ယှတ်ပါ။
   တိရဲ့မောပန်းနွမ်းနယ်မူ စိတ်မသက်သာမူတွေကိုလေပြေရိုင်းလေးတွေနဲ့ဆေးကြောပစ်လိုက်တယ်။ အနည်းငယ်သက်သာသလိုတော့ရှိသယောင်။

" ညနေခင်းက
ငါ့စိတ်ညစ်မူတွေကိုပြေဖျောက်စေတာအမှန်ပဲ "

လက်မှာပတ်ထားတဲ့ငွေရောင်နာရီမှလက်တံများက (၅း၃၀)မိနစ်သို့ညွှန်ပြနေကြသည်။ အိမ်ပြန်ရန်အတော်နောက်ကျနေပြီ အခုမှစပြန်မယ်ဆိုလျှင် ည(၇း၀၀)နာရီမှရောက်မည့်ကိန်းပင်။မထူးတော့ ဒီကန်ရေပြင်အနားရောက်လာပြီဆိုတော့လည်း တစ်ဝကြီးလေညင်းခံပြီးမှပြန်မယ်ဟု တိဆုံးဖြတ်လိုက်သည်။သို့သော် တိဆုံးဖြတ်ချက်တို့မှားသွားပြီထင်ပါရဲ့ အကြောင်းမှာ…

" ဟိတ်  နေဦး "

တစ်စုံတစ်ယောက်ရဲ့ခေါ်သံကြောင့်ရှေ့တိုးမည့်ခြေလှမ်းတွေရပ်တန့်လိုက်ရပြီး နောက်ကိုပါတစ်ပါတည်းလှည့်လိုက်ရသည်။

" ဗျာ  "
" ကတိဆိုတာမင်းလား "
" ဟုတ်ပါတယ် တိနာမည်ကတိပါ ။
ဘာဖြစ်လို့လဲမသိဘူးခင်ဗျ "
" မင်း ငါတို့နဲ့ခဏလောက်လိုက်ခဲ့ပါ "

လိုက်ခဲ့ရမည် ?။ ဘာအတွက်လဲ ဘာကြောင့်လဲ သူတို့ကရောဘယ်သူတွေလဲ ။တိ အသိအကျွမ်းထဲမှာဒီလူတွေတစ်ယောက်မှမပါ ခေါ်တိုင်းလိုက်ရအောင် တိနဲ့လည်းဘယ်သောတစ်ခါမှမျှမပတ်သက်ခဲ့ဖူးသည့် သူစိမ်းလူများ။

" ဟို အကိုတို့လူမှားနေပြီထင်ပါရဲ့ တိနာမည်ကတိဆိုတာတော့မှန်ပါတယ် ဒါပေမဲ့လေ တိအကိုတို့ကိုမသိဘူး ခွင့်ပြုပါဦး "
ယဉ်ကျေးစွာနဲ့ပဲ ထိုလူတွေရဲ့အရှေ့ကလစ်ထွက်သွားဖို့ကြံလိုက်ပေမယ့်လည်း……

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now