uni အခန်း ၁၄

141 7 0
                                    

ချစ်ခြင်းအစ... မုန်းခြင်းက (အပိုင်း-၁၄)

အစက တိလေးကိုဆေးခန်းပဲပို့မည်ဟုဆုံးဖြတ်ထားသော်လည်း စိုးရိမ်ရတဲ့အခြေအနေကြောင့်ဆေးရုံကိုပို့လိုက်ရသည်။
အခုထိခေါင်းထောင်မလာသေး။

" လူနာကဘာဖြစ်တာလဲ "

ဒေါက်တာ့အမေးကိုသစ္စာဘာဖြေရမှန်းမသိသည့်အတွက် မေချိုကပဲဝင်ဖြေ၏။

" မူးဝေပြီးအန်ပါတယ်ဒေါက်တာ လူလည်းဖြူဖပ်ဖြူရော်နဲ့ "

" ဒါဆို အပြင်ထွက်ပေးကြပါနော် ဒေါက်တာစစ်ဆေးပေးပ့ါမယ် "

သူတို့နှစ်ယောက်ထွက်သွားတော့ ဒေါက်တာစစ်ဆေးဆရာရှိတာစစ်ဆေးနေသည်။ခဏအကြာ ပြန်ထွက်လာ၏။ဒေါက်တာ့မျက်နှာထက် ဝမ်းသာခြင်းရှိသလို
အံ့သြခြင်းလည်းရောယှတ်နေသည်။

" ဒေါက်တာ ကျွန်တော့်ညီဘာဖြစ်တာလဲဟင်
အဆင်ပြေရဲ့လား ဘာရောဂါလဲဟင် စိုးရိမ်ရလား "

" စိတ်ငြိမ်ငြိမ်ထားပါဗျ
လူနာကဘာမှမဖြစ်ပါဘူး ဝမ်းသာစရာပါ "

" ဗျာ "

သစ္စာသည်အံ့သြနေ၏။ဟုတ်သည်လေ ကိုယ့်ညီဒီလောက်ဖြစ်နေတာဝမ်းသာစရာ ပြောတော့ မအံ့သြပဲဘယ်နေပါ့မလဲ။ မေချိုတစ်ယောက်ကတော့ ပြုံးပျော်လို့ ဘာလဲဟ။ သူတစ်ယောက်တည်း ယောင်ချာချာကိုဖြစ်လို့ ။

" နေနေပါဦး။ ဒေါက်တာပြောတာ ကျွန်တော်နားမရှင်းဘူး "

" ဆောရီးဗျာ ဒေါက်တာ မင်းနားလည်အောင်ပြောပြပါ့မယ်
အခု မင်းညီလေးမှာကိုယ်ဝန် သုံးပတ်ရှိနေပြီ "

" ဟမ် ဘယ်လို။ မ မဟုတ်သေးဘူးနော်ဆရာ
ယောကျာင်္းလေးကိုယ်ဝန်ဆောင်လို့ရလို့လား ဒေါက်တာ
ကျွန်တော်ပိုရှုပ်လာပြီဗျာ "

သစ္စာခမျာမှာ ခေါင်းကိုကုတ်ကာခေါင်းရှုပ်နေပါပြီ။ကိုယ့်ညီက ကိုယ်ဝန်ရှိနေပြီတဲ့ ဘယ်သူနဲ့ရတာလဲကိုအသာထား။ဖြစ်နိုင်လို့လား ဒါတကယ်ဖြစ်နိုင်လို့လား ။

" ရပါတယ်ဗျာ့ လူနာကမွေးရာပါသားအိမ်တည်ခဲ့ပြီးသားပါ။
ပြောရမယ်ဆိုရင် ရှိတော့ရှိတယ် ဒါပေမယ့်အလွန်ရှားတာဗျ
အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာအမျိုးသားတွေ သားအိမ်ထည့်ပြီးကိုယ်ဝန်ဆောင်နိုင်ကြပါပြီ အခုလူနာရဲ့ကိုယ်ဝန်က သဘာဝအတိုင်းအမျိုးသမီး သားအိမ်လိုဖြစ်တည်လာတဲ့အတွက် စိတါပူစရာမရှိပါဘူး တစ်ခုတော့ရှိပါတယ် ကလေးမီးဖွားရင်တော့ ခွဲမွေးရပါလိမ့်မယ် "

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Tempat cerita menjadi hidup. Temukan sekarang