ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁၃)
" ဦးငယ် "
တိုးလျညင်သာလွန်းသောတာရာ့အသံသည် စိုးရိမ်ပူပန်ခြင်းနှင့်စ၍စိတ်မကောင်းခြင်းများဖြင့်အသက်သွင်းနေလေ၏။တူဖြစ်သူရဲ့ခေါ်သံကို မနိုင်သောမျက်ခွံအားဖွင့်စေပြီး ကြည့်မိတော့သနားမူပေါင်းသောင်းခြောက်ထောင်ကိုဝမ်းနည်းစွာတွေ့မြင်လိုက်ရ၏။စားပွဲပေါ်ရှိ ဝီစကီအရက်ပုလင်းများဟာ
သူ့ကိုစိန်ခေါ်နေသလိုရှိသည့်အလျှောက် သူသောက်နေမိသည်မှာလည်း နှစ်ပုလင်းဘက်ကိုကူးကျော်လာခဲ့ချေပြီ ။" သောက်နေတာတော်ပါတော့ဗျာ များနေပြီ "
သူထပ်သောက်ရန်ခွက်ကိုမလိုက်ပေမယ့် တာရာကလက်ဦးစွာပင်လုယူလိုက်သည်။သူ့လက်ထဲမှာ လေဟာနယ်သာ ။
" ပေးစမ်းပါကွာ ။ငါဒီနေ့မူးအောင်သောက်မယ် ပေး "
မမြင်မစမ်းနဲ့ခွက်ရှိရာဆီသို့ လိုက်စမ်းနေပေမယ့်လည်းဖန်ခွက်လေးသည် ဘယ်ဆီထွက်ပြေးနေပြန်သည်မသိတော့။သူ့အတွက်အဖော်သည် ယာမကမှတစ်ပါးဘယ်သူရှိလိမ့်ဦးမည်နည်း။
" တော်စမ်း ဦးငယ်။ အဓိပ္ပာယ်မရှိတာတွေ ။
သောက်မနေနဲ့တော့ ဦးငယ်သောက်တာအရမ်းများနေပြီ
ထ ကျွန်တော်အခန်းပြန်ပို့ပေးမယ် "" ပြန်ဘူး မအိပ်ဘူး ထပ်သောက်ဦးမှာ "
သူခေါင်းကိုမနိုင့်တနိုက်ထောင်လာပြီး ရှေ့၌အရက်ပုလင်းကိုဆွဲယူမော့ချမည်အပြုမှာ
" ဦးငယ် တော်ပြီလို့ပြောနေတယ်လေဗျာ "
သူ့လက်ထဲမှာရှိသည့် ပုလင်းကိုအတင်းလုယူလိုက်ကာ အဝေးတစ်နေရာကိုတွန်းပစ်လိုက်တော့
" ခွမ်း "
နဂိုပုလင်းသည် ဖန်ကွဲစများအဖြစ်ပြောင်းလဲသွားပြီ။
သူသည် ကြမ်းပြင်ပေါ်ရှိအကွဲအရှတွေကိုအမှတ်တမဲ့
ငေးနေကြည့်နေမိရင်းက ပါးထက်ဝယ်ပူရှိန်းရှိန်းမြစ်ချောင်းနှစ်သွယ်က
စီးဆင်းလာသည်။" နောက်ဆုံးတော့ ငါဆိုတဲ့အချစ်လမ်းသည်
ဟောဒီ ပုလင်းကွဲလိုမျိုး ဘာမှအသုံးမဝင်တော့ပါလား ။
ဟုတ်တယ်နော် တာရာ အေ့ "
YOU ARE READING
ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)
Romanceအချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အမုန်းရဲ့လက်တစ်ကမ်းမှာ အချစ်ရှိနေခဲ့မယ်မှန်းသာ သူစောစောကသာ သိခဲ့ရင် အချစ်လမ်းဆိုတဲ့သူက ကတိဆိုသောကောင်လေးကို......။ အချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အ...