ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁၀)
ညကအဆက်မပြတ်ရွာခဲ့တဲ့မိုးကြောင့်ခြံထဲကအပင်လေးတွေခေါင်းမထောင်နိုင်ကြတော့။နှင်းဆီပန်းပင်တွေဆို အကိုင်းတွေကျိုးလိုကျိုး ပွင့်တဲ့အပွင့်တွေသည်မလှမပ။ယနေ့တော့ အေးကိုအလုပ်ရှုပ်ရလေပြီ။ခြံဝန်းထဲကျနေသောအမိူက်များရှင်းရမည်။အပင်တွေပြုပြင်ရမည်။တော်သေးသည် မီးဖိုချောင်ကိစ္စမှာအေးကို၏အမေဒေါ်မြသဇင်က နေ့လည်စာနဲ့ညနေစာလာပြင်ဆင်ပေးသည်။ညအိပ်ညနေတော့မနေပါ မိသားစုတစ်ဖက်ရှိသေးသည်လေ။
အေးကိုတစ်ယောက်အုန်းတံမြတ်စီးကြီးကိုင်ကာ သစ်ရွက်ခြောက်တွေကိုလှဲနေလိုက်သည်။" အေးကိုရေ "
" ဗျာ အကိုလေး "
" ဘာလုပ်နေတာလဲ "
" အမိူက်လှဲနေတာဗျ အကိုလေးခိုင်းစရာရှိလို့လား "
တိဆံပင်လေးလူပ်ခါသွားသည့်အထိ ခေါင်းခါလိုက်ရင်း
အမိူက်လှဲနေသောအေးကိုအနားသွားရပ်လိုက်သည်။" သတိထားပါအကိုလေး မိုးရွာထားတော့လမ်းတွေချော်လိမ့်မယ် "
" အင်းပါ "
တစ်ခဏလောက်ကြာအောင် တိတို့စကားမပြောဖြစ်ကြ။အေးကိုကပဲစ၍
" အကိုလေး မနက်စာစားပြီးပြီလား
ကျွန်တော်ပြင်ထားပေးတယ်လေ "" စားပြီးပြီ ဒါပေမဲ့လေ
နောက်နေ့မနက်စာပြင်ပေးရင် တိဖို့အသုပ်လုပ်ပေးထားပါလား ပေါင်မုန့်ကော်ဖီမကြိုက်လို့ "" ဟုတ်ကဲ့ ကျွန်တော်သခင်လေးကိုပြောပြီးစီစဉ်ပေးပါ့မယ် "
" ကျေးဇူး ကျေးဇူး ။ ဒါနဲ့ တိဘာကူပေးရမလဲဟင် "
" ရပါတယ်ဗျာ ဘာမှကူပေးစရာမလိုပါဘူး
အေးအေးဆေးဆေးသာနေပါ "" တိ ပန်းပင်တွေပြန်စိုက်ပေးမယ်နော် "
" မလုပ် "
တားချိန်တောင်မရလိုက်ပါ။ မြေဆွခက်ရင်းကိုင်ထားနှင့်ပြီးမြေဆွနေသောတိ။
" ကျွန်တော်အဆူခံရပါဦးမယ် အကိုလေး "
" မခံရပါဘူး တိစိတ်နဲ့တိလုပ်တာ
အေးကိုခိုင်းတာမှမဟုတ်တာ "
YOU ARE READING
ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)
Romanceအချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အမုန်းရဲ့လက်တစ်ကမ်းမှာ အချစ်ရှိနေခဲ့မယ်မှန်းသာ သူစောစောကသာ သိခဲ့ရင် အချစ်လမ်းဆိုတဲ့သူက ကတိဆိုသောကောင်လေးကို......။ အချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အ...