uni အခန်း ၁၅

145 7 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁၅)

သူ တစ်ယောက်တည်း
အခန်းရှေ့မှာခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်မှာအခေါက်ပေါင်းမနည်းတော့။သစ္စာတို့လင်မယား အကျိုးအကြောင်းလာပြောကတည်းက တိလေးဆီသွားချင်တာကဖင်တကြွကြွ။သူ့ခမျာဝမ်းသာလိုက်ရတဲ့ဖြစ်ခြင်း တိလေးမှာသူနဲ့ရတဲ့ရင်သွေးလေးရှိနေပြီတဲ့လေ။
"အခုလာရင်ထွက်မတွေ့ဘူး"လို့ အမှာပါးလိုက်တာမို့ သူအောက်အင်းနေရသည်။ လက်မှာပတ်ထားတဲ့နာရီက (၇း၃၀)မိနစ်ပဲရှိသေးသည် ဆိုပေမယ့် တိလေးကိုပိုင်ဆိုင်ရဖို့အရေးသည်တော့နောက်ကျနေတယ်လို့တောင်ထင်မိ၏။

ဘယ်လိုပင်ဖြစ်စေ ဘာတွေပဲဖြစ်ခဲ့ ဒီကနေ့သည်တော့ သူ့အတွက်မင်္ဂလာရှိသောရက်တစ်ရက်။ဘာကြောင့်ဆို အေမ့ကိုအပူကပ္ကာ တိလေးကိုတောင်းရမ်းရန်အတွက် အကူအညီတောင်းထားပြီးပြီလေ။မေမေက "အေး"ဆိုလို့
သူဝမ်းသားပြီးရင်းဝမ်းသာဖြစ်နေရ၏။

" သခင်လေး ဘာဖြစ်နေတာလဲ "

"  ပလုတ်တုတ် ။
ဟာ အေးကိုရာ လာရင်အသံလေးပေးမှပေါ့ "

အေးကိုရုတ်တရက်ခေါ်သောကြောင့် သူလန့်သွားရတော့သည်။အတွေးထဲမှာတစ်ယောက်တည်း
ပျော်နေတာကိုးလို့ ။ငရှုပ်ကောင်ကတော့ ။

" တောင်းပန်ပါတယ်သခင်လေး။
ဟို ဘာလုပ်နေတာလဲလို့ "

" အမေ့ကိုစောင့်နေတာကွာ သူထွက်မလာသေးလို့ "

" အစောကြီးရှိသေးတာသခင်လေးကလည်း နောက်ပြီး
သူလည်းပြင်ချင်ဆင်ချင်မှာပေါ့ အပျိုလေးကို "

" မင်းပြောမှပဲငါ့အမေက အပျိုပေါက်လိုဖြစ်နေပြီ။ ဒါပေမဲ့ ပြင်ဆင်နေတာလွန်ပါတယ်ကွာ ခုထိမပြီးသေးဘူး "

" ဖြစ်ရသေးတယ်ဗျာ သခင်လေးလွန်တာမဟုတ်ဘူးလား "

အလို ကိုယ့်အလွန်ဆိုပါ့လား။ မလွန်ပါဘူး လုံးဝကိုမလွန်တာ
စောင့်ဆိုင်းရသူအဖို့ တစ်စက္ကန့်သည်တစ်ရက်ကြာသလို တစ်မိနစ်သည်တစ်နှစ်ကြာ၏။

" ဘယ်လိုကွာ့"

" ဟုတ်တယ်လေ အကိုလေးကိုသွားတောင်းဖို့ သခင်လေးတက်ကြွနေလိုက်တာများ မသိရင်မျောက်သွားဖမ်းဖို့အစမ်းလေ့ကျင့်နေလိုပဲ "

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now