uni (ဇာတ်သိမ်း)

295 5 0
                                    

(ဇာတ်သိမ်းပိုင်း)

ဆေးရုံတစ်ခုလုံးဒေါက်တာများနှင့်နာစ့်မများပါမကျန် ခွဲစိတ်ခန်းသို့အပြေးအလွှားဖြင့် အလုပ်တွေရှုပ်နေကြ၏။ ထိုခွဲစိတ်ခန်းရှေ့မှာတော့ လူတစ်စုဟာ မျှော်တလင့်လင်းဖြင့်ရင်တထိတ်ထိတ်နဲ့စိတ်လူပ်ရှားနေကြသည်။ထိုထဲမှ လူတစ်ယောက်သည် ခွဲစိတ်ခန်းရှေ့ စကြံင်္လမ်းပေါ်တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေလေ၏။

" ယောက်ဖကြီးရာ စိတ်အေးအေးထားပါဟ ။
အဆင်ပြေမှာပါ "

သစ္စာသည် ဆောက်တည်ရာမရဖြစ်နေသည့် ယောက်ဖတော်ကိုကြည့်ရင်း မျက်စိစပါးမွှေးစူးနေတော့သည်။ဘယ့်နှယ် သူ့မယား ကိုယ့်ညီလေး ကလေးတစ်ခါမွေးပါတယ် ။ဟိုက သူ့လောက်
ဖြစ်ပျက်မနေအား သူတစ်ယောက်ပင်နေစရာကိုမရှိ။ ထိုင်လိုက် ထလိုက်နဲ့ခွဲစိတ်ခန်းထဲ ဆရာဝန်များဝင်သွားကတည်းကပါ။

" စိတ်အေးအေးထားလို့ဖြစ်မလားကွ ငါ့ကလေးလေး
ဘယ်လောက်တောင်နာနေရှာလိမ့်မလဲ ။ ဆေးရုံရောက်တည်းက အော်နေလိုက်တာများကွာ သနားပါတယ် ။ အရေးထဲ ခွဲမွေးရဦးမယ် ဒါတောင်မင်းကစိတ်အေးခိုင်းနေသေးတယ် "

" အကောင်းလည်းပြောရသေးတယ် ငါ့ကိုတောင်ပြန်ဟောက်လိုက်သေး တကယ့်ကောင်ကွာ "

သစ္စာအပြစ်တင်မူကို သူဂရုစိုက်မအား။ အထဲက သူ့ကလေးလေးကိုပဲ အာရုံရောက်နေလေသည်။ အဆင်မှပြေပါ့မလား မသိဘူး ။ အရှင်ဘုရား ဘုရားတပည့်တော်ရဲ့ကလေးလေး လျှောလျှောရှူရှူမီးဖွားနိုင်ပါစေ သာဓု ။

" သားရယ် ထိုင်စမ်းပါဟယ် ။
နင့်အစား ငါမူးလို့ပါ "

" ဟာ အမေကလည်း မထိုင်နိုင်ပါဘူးဗျာ။
သားဘာဖြစ်နေတယ်ဆိုတာ မေမေမသိပါဘူး "

" အမလေးတော် ငါကပဲမသိဘူးဖြစ်ရဦးမယ် ။ နင့်ကိုမွေးတုန်းကတောင် ငါ့ယောကျာ်းနင့်အဖေ ဒီလောက်ဖြစ်ပျက်မနေဘူး နင်သာအကဲပို "

မေမေမျက်စောင်းထိုးပြီးပြောနေပေမယ့် သူဘာမှပြန်မပြောမိပေ။ ပြောချင်လည်းပြောကြပါစေ အပြောခံလိုက်ပါ့မယ် ။ အရေးကြီးတာ သူ့ကလေးဘေးကင်းဖို့သာ ။ ကလေးက နောက်ထပ်ယူလို့ရသေးတယ်။  ကလေးအသက်ထက်အရေးကြီးတာ ဘာမှမရှိ ။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now