uni အခန်း ၉

129 7 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၉)

ကောင်းကင်၌ နေမင်း၏ထွန်းလင်းမူကြောင့် လောကတစ်ခွင် အပူဓာတ်များဖြန့်ကျက်နေသည်။ ထိုပူပြင်းလှသောနေရောင်အောက်၌ လူသားများသည် နေ့စဉ်ဓူဝအလုပ်များကို နေ့စဉ်မပြတ်လုပ်ကိုင်လျက်ရှိလေသည်။ ထိုသို့သောတစ်နေရာ ကားလမ်းမ၌ ကားများရှုပ်ယှက်ခတ်လျက်ရှိသည်။ အပူဒဏ်ကိုအံတုကာ စိတ်ရှည်သည်းခံစွာဖြင့် ရူပ်ထွေးလှသောကားများကြား မီးပွိုင့်များကိုသည်းခံစောင့်ဆိုင်းနေကြလေသည်။ ထိုများပြားလှသောကားထဲ၌ ပန်ပန်နှင့်အချစ်လမ်း လည်းပါလေသည်။

" နေကလည်းပူလိုက်တာနော်
ariconနဲ့မို့တော်သေး "

အလိုမကျစွာငြီးငြူနေသော ပန့်ကိုလမ်းတစ်ချက်သာလှည့်ကြည့်လိုက်လေသည်။

" ကားတွေကလည်းကြပ်လိုက်တာ
စောင့်နေတာဘယ်နှနာရီရှိနေပြီလဲ "

လက်မှပတ်ထားသော လက်ပတ်နာရီကိုကြည့်ကာ နောက်တစ်ခါငြီးငြူလိုက်ပြန်သည်။

" ပန့်ကို ဦးလေးမပြောဘူးလား
အေးဆေးမှသွားမယ်လို့ ဒီအချိန်ကအလုပ်သွားတဲ့အချိန် ကားတွေကြပ်မှာပါလို့ "

ဒီတစ်ခါတွင်တော့ လမ်းမပြောပဲမနေနိုင်တော့ ကားလမ်းမပေါ်တွင်အချိန်ကုန်နေသည်မှာ ၁နာရီမျှကျော်လေပြီ။ ပန် သူ့အမှားကိုသူသိသည်မို့ ထပ်မငြီးငြူတော့ သီချင်းဖွင့်ကာ ခံစားနားဆင်၍သာ လိုက်ပါလာတော့သည်။
၈း၀၀နာရီမှအိမ်ကစထွက်လာကာ centreရှေ့သို့ ၁၀း၀၀နာရီမှရောက်လေတော့သည်။ centreပေါ်ရောက်သော်လည်းအငြိမ်မနေရ။အပေါ်တက်လိုက် အောက်ဆင်းလိုက်၊ အောက်ဆင်းလိုက် အပေါ်တက်လိုက်နှင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပန့်နောက်သို့လိုက်ကာ အထုပ်ဆွဲပေးရသေးတာ။မနေ့ကအလုပ်လဲပင်ပန်း အိပ်ရေးလဲပျက်ထားသည်မို့ ခေါင်းကငြီးစီစီဖြစ်လာတော့သည်။

centreမှထွက်လာသောအချိန်သည် နေ့ခင်း ၂း၀၀နာရီကျာ်လေပြီ။ ကောင်းကင်၌နေသည် လွန်စွာပူပြင်းထွန်းလင်းဆဲ။သို့သော် မိုးသားမိုးရိပ်များအနည်းငယ်တော့ ရှိသည်။
ကားလမ်းတစ်လျောက် ကားများဖြေးဖြေးနှင့်မှန်မှန်မောင်းလာဆဲ။မနက်ကလို ကားများမကြပ်တော့ပါ။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now