uni အခန်း ၄

141 7 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၄)

ညတုန်းကဖြစ်ပျက်ခဲ့သည့်ကိစ္စအလုံးစုံကိုပြန်တွေးမိရင် ဝမ်းနည်းရသူကတိရယ်ပါ။ ဘယ်လိုအကြောင်းတွေပဲဖန်လာပါစေ သူဒီလိုတော့မလုပ်သင့်ပါဘူး။ ကိုယ်မွေးထားတဲ့ကြက် အချိန်မရွေးပြန်သတ်စားလို့ရတယ်ဆိုပြီး သူမို့လုပ်ရက်လေတယ်။ တိဟာ ၁၆နှစ်အရွယ်ကလေးပါ လောကကြီးထဲကို ဝင်ရောက်လာသည်မှာ ၁၆နှစ်ပဲရှိပါသေးသည်။

လိင်ကိစ္စဆိုတဲ့အရာက တိနှင့်မဆိုင်တဲ့ကိစ္စလို့သတ်မှတ်ထားသေးတဲ့ဒီအရွယ်။ ကံကြမ္မာကညှင်းရက်လေသလား တိဘဝတစ်ခုလုံးထိုလူကြီးရဲ့လက်တွင်းသို့လှလှပပကြီးကျခဲ့ရပါပြီ။ ဘယ်သူ့အမှားလဲဟု တွေးမိလျှင်အဖြေကတစ်ခုတည်း
အဓိကတရားခံကေတာ့ ခင်ဗျားပဲကိုအချစ်လမ်း။

" ဂလောက် " တံခါးဖွင့်သံ။

" သခင်လေးကမှာလိုက်ပါတယ် အကိုလေးကို အောက်ထပ်ခဏလာပါဦးတဲ့ "

ခေါင်းကိုသာဖြေးဖြေးလေးညိတ်ပြလိုက်တော့ အိမ်အကူကောင်လေးက တိကိုသနားစဖွယ်ကြည့်ရင်းထွက်သွား၏။ သနားကြည့် အဲအကြည့်တွေ တိအတွက်တစ်ခါမှမရှိခဲ့ဖူးပေ။ သူနှင့်ပတ်သက်မိတဲ့အချိန်ကစပြီး တိဘဝတစ်ခုလုံးအမှောင်ကျခဲ့ရသည်။ အရာရာတိုင်းသူ့အလိုကျ သူ့လက်အတွင်းကနေဘယ်တော့များမှလွတ်နိုင်ပါ့မည်နည်း။ဝမ်းနည်းနေတဲ့စိတ်လေးကို ခဏရပ်တန့်ပစ်ရင်းအောက်ထပ်ကို လေးလံထိုင်းမိူင်းစွာဆင်းလာခဲ့လိုက်သည်။ သူကေတာ့ ပျော်နေမှာပေါ့။

" လာ  ထိုင် "

ထမင်းစားခန်းထဲကိုမဝင်သေးပဲ သူ့အားရပ်ကြည့်နေတဲ့ကလေးကိုလှမ်းခေါ်လိုက်သည်။ လမ်းမျက်ဝန်း၌ ဘာခံစားချက်မျှမတွေ့မြင်ရ။
နေနိုင်လိုက်တာ ။

" ငါမင်းကိုပြောစရာရှိလို့ "

" မနက်စာအရင်စားပါရစေ "

" အင်း "

စိတ်မပါပေမဲ့ စားချင်စိတ်မရှိပေမဲ့လည်းပြင်ပေးထားတဲ့မနက်စာကိုသာပါးစပ်ထဲအတင်းထိုးသွင်းနေလိုက်သည် စိတ်ကတော့ထိုအစားအစာတွေကိုလက်မခံချင်။ ပေါင်မုန့်တစ်ချပ်ရဲ့အရသာသည်ဘာမှန်းမသိလိုက်ပါ။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now