uni အခန်း ၁၁

126 6 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁၁)

ချစ်ဖို့ကောင်းအောင်လုပ်ပြနေတဲ့သူ့ပုံစံလေးကို တိတစ်ခစ်ခစ်ဖြင့်ရယ်မိတော့ သူပါလိုက်ရယ်၏။

" အဟင်း တိကိုလွတ်ပါတော့နော်
အချိန်တန်ရင် ခင်ဗျားလိုချင်တဲ့အဖြေပေးပါ့မယ် "

" တကယ်နော် "

" တကယ်ပါ "

ပွေ့ဖက်ထားတဲ့တိကိုယ်လေးအားလွှတ်ပေးချိန်တွင် နောက်ဆုံးအနေဖြင့်ပါးလေးကိုသူနမ်းလိုက်သေးသည်။

" ကျေးဇူးပါ "

ကျေးဇူးတင်စကားအဆုံး တိသည်အခန်းထဲကိုပြေးဝင်ပျောက်ကွယ်သွားတော့သည်။ဒီကောင်လေး အရမ်းရှက်သွားတယ်ထင်ပါတယ်။

သည်တော့မှ သူအောက်ထပ်ဆင်းဖို့ကြံသည်။မျက်နှာထက် အပြုံးပန်းတွေပွင့်ဝေဆဲပေါ့။

                           * * * * * *

" ဟင်း "

ရှည်လျားသောသက်ပြင်းရှည်ကိုချရင်း တိတ်ဆိတ်နေတဲ့လက်ဖက်ရည်ဆိုင်လေးထဲ
ကြံရာမရဖြစ်နေတဲ့သစ္စာတစ်ယောက် စိတ်ဓာတ်တို့ပြိုယိုင်လဲနေကြပြီ။ညီဖြစ်သူကို ရှာရသည်မှာ
နားရတယ်ကိုမရှိ ၊ အလုပ်မသွားတာဘယ်နှရက်ရှိပြီလဲမသိတော့ပါ။လူပျောက်ကြော်သည် သူ့အားမကူညီမစွမ်းဆောင်ပေးနိုင်ကြ။ကြာရင် လူပါထိတော့မည်။သူ၏ညီလေးမှာ ပျောက်ချက်သားကောင်းဆဲ။

" အကိုမှာထားတဲ့ ချိုစိမ့်လက်ဖက်ရည်ပါ "

" သြော် အင်းညီလေး "

စားပွဲထိုးညီလေးက လက်ဖက်ရည်ခွက်ကိုသူ့ရှေ့လာချပေးသည်နှင့်အညိုရောင်လက်ဖက်ရည်ပေါ်က အပူငွေ့ငွေ့လေးများကိုအဓိပ္ပာယ်မရှိငေးကြည့်နေလိုက်မိသည်။ဘယ်အချိန်လောက်အထိ ငေးမိနေမှန်းသတိမထားလိုက်
အနောက်မှလူတစ်ယောက်ခေါ်သံကြားမှအသိဝင်လာတော့သည်။

" ဟေ့ မင်း သစ္စာမဟုတ်လား "

သူထိုင်နေတဲ့ဝိုင်းသို့ရောက်ချလာတာက ငယ်သူငယ်ချင်းမင်းထင်ဖြစ်သည်။

" ဟာ မင်းထင်ပါလား
လာထိုင်ကွာ "

မင်းထင်ဝင်ထိုင်လိုက်သည်။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Tempat cerita menjadi hidup. Temukan sekarang