uni အခန်း ၇

130 7 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၇)

" ဟေး ရှူးရှူး "

အသံကြောင့်အနောက်လှည့်ကြည့်လိုက်စဉ် သူလေးအားလက်ယပ်ခေါ်နေသောပန်ပန်။ ခေါ်မှန်းသိပေမဲ့ မသိခြင်နောင်ထောင်လိုက်သည်။

" ဟဲ့ ခေါ်နေတာမကြားဘူးလား
ငပင်းရဲ့ "

" ဘယ်သူ့ခေါ်နေတာလဲ "

" နင့်ကိုခေါ်နေတာလေ ငါ့အရှေ့မှာနင်ပဲရှိတာ
နင့်မခေါ်လို့ဘယ်သူ့ခေါ်ရမှာလဲ "

သိသားပဲ ခေါ်သံကိုကလူလို့ခေါ်ခြင်းမဟုတ်တဲ့အတွက်ကြောင့်ပြန်မထူးခြင်းသာ။နာမည်မသိတာလဲမဟုတ် မနေ့ကမှဟိုလူကြီးမိတ်ဆက်ထားပြီးသား သက်သက်လူကိုမတူမတန်ခေါ်နေတာ။
တိ. . . ပန်ပန်အနားသွားရပ်လိုက်သည်။

" ဘာလဲ "

" ဟဲ့ ငါနင့်ထက်အသက်ကြီးတယ်နော်
ရိုသေသမူရှိစမ်းပါ "

ဟင်း စိတ်ကတိုလာပြီ။ ပြောစရာရှိတာပြောတာမဟုတ်ဘူး ကပလီမကြီး။

" အော်ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျ "

" ရာသီဥတုပူတယ် ။
ဆိုတော့ရေဆာတယ် သွားငါ့အတွက် Orange Juiceတစ်ခွက်သွားဖျော်လာခဲ့ နင်ကိုယ်တိုင်ဖျော်နော် "

သူများအိမ်မှာရောက်နေတာမို့လို့သာပေါ့ မဟုတ်ရင်တိတို့အကြောင်းကောင်းကောင်းပြလိုက်မှာ။နယ်မှာဆို ရန်ဖြစ်တဲ့နေရာမှာတိကဆရာတစ်ဆူပင်။

" ဟုတ်ကဲ့ လိမ္မော်ဖျော်ရည်နော် "

" Yes "

" ဒါဆို
သွားလိုက်ပါဦးမယ်နော် အဒေါ်ကြီး "

" အိုက်စ် နင်ငါ့ကိုဘယ်လိုခေါ်လိုက်တယ်၊ အား "

ပန်ပန်ဒေါပွအောင်တမင်တကာပြောလိုက်ခြင်းဖြစ်သည်။တကယ်ပဲဒေါပွသွားတာပင်။

" အား မလောက်လေးမစားကများ ငါ့ကိုအဒေါ်ကြီးတဲ့။
နေပါဦး ငါအိုနေပြီလား မှန်းစမ်း "

တိပြောတာကိုအမှန်ထင်ပြီး ကင်မရာဖွင့်ကာမျက်နှာကိုအသေအချာကြည့်လိုက်သည်။

" ဟယ် ငါဒီလောက်လှတာကို
သေနာကောင် တွေ့မယ်လာစမ်းပါစေဦး "

ပန်ပန်. . . တိအလာကိုစောင့်နေလိုက်တော့သည်။ဘာဆက်ဖြစ်ဦးမလဲမသိတော့ပါ။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Donde viven las historias. Descúbrelo ahora