ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁၆)
ဘာလိုလိုနဲ့ တိလေးရဲ့ကိုယ်ဝန်တောင်(၈)လကျော်သွားလေပြီ။ ဗိုက်ပူထွက်လာတာနှင့်အမျှ လူကလည်းဝက်ကလေးလိုဝကစ်လာ၏။
ပြည့်ပြည့်ဖောင်းဖောင်းပါးလေးသည် ရယ်လိုက်ရင်နဂိုထက်တောင်ပိုချစ်ဖို့ကောင်းသေး၏။ကျော်ဖြတ်လာတဲ့လင်မယားသက်တန်းတစ်လျှောက် စိတ်ကောက်လိုက် စိတ်ဆိုးလိုက်နဲ့ ချော့ရတာ အလိုလိုက်ရတာက လမ်းပါ။သူလေး စိတ်အလိုမကျချိန်ဆို
" ကိုကြီးအိမ်ပြန်နေမယ် " ချည်းပြောနေလို့သူကပဲဒူးထောက်အရူံးပေးရတာချည်း။
ကိုကိုဖြစ်ဖြစ် ယောကျာ်းဖြစ်ဖြစ်ခေါ်ပါလို့ဆိုလည်း မခေါ်။ဦးတဲ့ဗျာ
ကြိုက်ရင်ကြိုက်မကြိုက်ရင်နေဆိုပြီး တိဘက်ကဦးလို့ခေါ်ခဲ့တာအခုထိ။ သူ့မှာတော့ ထိုကလေးလေးကိုနာမည်တွေပြောင်းခေါ်လိုက်ရတာ ရှိသမျှနာမည်တွေကုန်နေပြီ။ ဦးကဦးပဲ ပြောင်းမသွား။ ကိုယ်ဝန်ရင့်လာတော့ ဂျီကျတာတွေများလာသည်နှင့်အမျှ စိတ်ဆိုးစိတ်ကောက် သဝန်တို အိုးအစုံပါပဲ။
" ကလေးလေး ကိုယ့်ကိုချစ်လားလို့ "လို့ သူမေးတော့ အဖြေက " မချစ်ပါဘူး " ထိုစကားသာ။မချစ်ဘူးလို့လည်းပြောသေး အိမ်ပြန်နောက်ကျရင် စစ်စေးမေးမြန်းမူက တကယ့် ရဲသားလေးတစ်ယောက်လို
" ဘယ်သွားတာလဲ ဘယ်သူနဲ့ပြန်လာတာလဲ ဘာလုပ်နေတာလဲ " လဲပေါင်းမြောက်များစွာ။အဆိုးဆုံးကေတာ့
" အခြားတစ်ယောက်နဲ့ခိုးတွေ့နေတာလား " ထိုမေးခွန်း။
ချစ်လွန်းလို့ ငုံထားမတက်ကိုချစ်လွန်းလို့ကို အခြားတစ်ယောက်ရှာစရာလား။ သေချာရှင်းပြရသည်မှာ နေ့တိုင်းလိုလို။ အဲ့လိုဆိုပြန်တော့ သူငြီးငွေ့လားဆိုတော့လည်းမငြီးငွေ့ပါ ပျော်တောင်ပျော်သေးရဲ့။ ကလေးက သူ့ကိုအရမ်းချစ်တာသိရလို့လေ ။ဒီကြားထဲအလုပ်ကတစ်ဖက်နဲ့မို့ အချိန်တွေကိုကပ်ဖဲ့ပြီး ကလေးအတွက်ပေးရသည်။မေမေက စီးပွားရေးတွေအားလုံး အကုန် သူ့အားလွှဲပေးလိုက်တာကြောင့် သေချာနားလည်အောင်သင်ယူရသည်။ အခုတော့လည်း အရာအားလုံးအဆင်ပြေနေပါပြီ ။ အချစ်လမ်း၏ လမ်းလေးက သာယာဖျောင့်ဖြူးလှပနေပြီလေ။
YOU ARE READING
ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)
Romanceအချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အမုန်းရဲ့လက်တစ်ကမ်းမှာ အချစ်ရှိနေခဲ့မယ်မှန်းသာ သူစောစောကသာ သိခဲ့ရင် အချစ်လမ်းဆိုတဲ့သူက ကတိဆိုသောကောင်လေးကို......။ အချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အ...