uni အခန်း ၈

123 7 1
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၈)

" ကို ဒီအိမ်ဆိုတာသေချာရဲ့လား "

" သေချာပါတယ်ချို ဒါလမ်းအိမ်အစစ်ပဲ "

" တံခါးမှာလူခေါ်ခေါင်းလောင်းတပ်ထားတယ် ခေါ်ကြည့်ရအောင် "

သစ္စာတို့လင်မယားနှစ်ဦးဆိုင်ကယ်သော့ခတ်အပြီး တံခါးတွင်ထားရှိတဲ့ခေါင်းလောင်းလေးအားလူပ်ခတ်လိုက်သည်။

" ကလင် ကလင် ကလင် "

မကြာပါ ခြံစောင့်ဦးလေးအပြေးရောက်လာသည်။

" ဘယ်သူတွေပါလဲ ကိစ္စရှိလို့လား "

" ဟုတ်ပါတယ်ဦး ကျွန်တော်လမ်းနဲ့တွေ့ချင်လို့ပါ "
ခြံစောင့်ဦးလေး ခဏတွေဝေနေသည်ကိုတွေ့တော့

" အချစ်လမ်း
အချစ်လမ်းနဲ့တွေ့ချင်လို့ "

" သြော် သခင်လေးရဲ့သူငယ်ချင်းတွေထင်တယ်
လာလာ အထဲဝင်ကြပါ "

တံခါးဖွင့်ပေးလိုက်တဲ့အတွက် သူတို့နှစ်ဦးနားမလည်သလိုရှိနေသည်။ ထိုအချင်းအရာကို ခြံစောင့်ဦးလေးရိပ်မိတော့

" ဒီလိုပါငါတူနဲ့တူမတို့ သခင်လေးနဲ့ပတ်သက်ရင်
ဦးလေးမှာပြောပိုင်ခွင့်မရှိလို့ပါ သိချင်တာအားလုံးသခင်မဆီမှာပဲမေးပါတော့ "

" ဟုတ်ကဲ့ ဦးလေး "

ထိုဦးလေး ခေါ်ဆောင်ရာအတိုင်းအိမ်ထဲကိုဝင်လာခဲ့ကြတော့သည်။

" သခင်မခင်ဗျ သခင်လေးရဲ့ဧည့်သည်ရောက်လာပါတယ် "

" ဟုတ်ပြီ။  ထိုင်ကြပါ "

ဒေါ်ရွှေနှင်းဆီ ညွှန်ပြပေးတဲ့နေရာတွင်သစ္စာတို့ဝင်ထိုင်လိုက်၏။

" သားရဲ့ဧည့်သည်ဆို ဘာအကြောင်းရှိလို့လဲမသိဘူး "

လာတုန်းက စိတ်ကတပူပူရယ်ပါ။ဘာလို့ဆို လမ်း၏မိခင်
ဒေါ်ရွှေနှင်းဆီဆိုသည့်အမျိုးသမီးမှာနယ်နယ်ရရမဟုတ် မြန်မာနိုင်ငံတွင်စိန်ရွှေငွေဆိုင်တွေအများဆုံးဖွင့်နိုင်တဲ့အမျိုးသမီးတစ်ဦးပါ။ရွှေနှင်းဆီဆိုတဲ့နာမည်နဲ့လိုက်အောင် နာမည်ကြီးပါသည့်သူမ။ ထွက်မှတွေ့ပါမလားဟု သစ္စာတို့လင်မယားရင်တမမနဲ့လာခဲ့ရတာ။တော်သေးတာပေါ့
ချမ်းသာလို့ဂုဏ်မောက်တဲ့မိသားစုမဟုတ်လို့။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now