ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၃)
"ဟားဟား ဟားဟား"
ကျယ်လောင်လွန်းလှသည့်ရယ်သံများမှာ တိအခန်းထဲထိ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ဒင်းဘာတွေဘဝင်ခွေ့နေလဲတော့မသိပါ။ ရယ်သံကိုကတကယ့်ကိုဟက်ဟက်ပက်ပက်။
တိ....အထင်မမှားရင် သူတစ်ယောက်တည်းဖြစ်ဟန်မပေါ် အဖော်များနှင့်ဖြစ်ရမည်။'' အဲ့လောက်တောင် ရယ်နေတာ အမောဆို့ပြီးသေသွားလဲအေးတာပဲ ''ဟုသာ တိ ကျိန်ဆဲလိုက်ပြီးနောက် ထိုရယ်သံများကိုစပ်စုရန် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
လှေကားမှအသာဆင်းလာကာ ခြေသံမကြားအောင် ခပ်ဖွဖွနင်းလျက် ဧည့်နားသို့တိုးလာလိုက်သည်။ဧည့်ခန်းပေါက်နားသို့ရောက်သော် တံခါးကိုကွယ်လျက် အထဲသို့ ချောင်းကြည့်လိုက်လေသည်။
တိ...တွေ့လိုက်ပါပြီ။တိ...အထင်မမှားပါ။ဟိုအကျင့်ပုတ် အကျင့်ယုတ်ရဲ့သူငယ်ချင်းဖြစ်ဟန်တူသည်။ လမ်းကဆိုဖာခုံတွင်ထိုင်ကာ သူ၏ရှေ့ နှစ်ယောက်တွဲခုံတွင်ထိုင်နေသော လူနှစ်ယောက်။ ထိုသုံးယောက်ရှေ့စားပွဲပေါ်တွင် အရက်ပုလင်းများ ၊ ရေခဲပုံများအစုံအလင်။ တစ်ခုခုကို အောင်ပွဲခံနေပုံရ၏။" ချကွာ ငါတို့သူငယ်ချင်းရဲ့ လက်စားချေမူပထမအဆင့်အောင်မြင်မူအတွက် "
" ချီးယား "
" ချီးယား "
သုံးယောက်သား၏မျက်နှာများမှာ ပြုံးရွှင်လျက်။
" နေ့ခင်းကြောင်တောင်သောက်နေကြတယ် အာရုံကြောပြတ်ပြီးသေသွားရင်တော့ တစ်ခါတည်းလျှောမှဖြင့် " တိ နောက်တစ်ကြိမ် ကျိန်ဆဲလိုက်ပြန်သည်။ပြီးနောက် ထိုမရူမလှဖြစ်နေသည့် ပြုံးရွှင်နေသောမျက်နှာများကိုမမြင်ချင်တော့ပါ။
ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကြောင့် အထဲမဝင်တော့ပဲအိမ်ရှေ့ဆီသာခြေလှမ်းဦးတည်မိသည်။ ပျင်းပျင်းနဲ့ဟိုကြည့်ဒီကြည့်ဖြင့် မျက်လုံးကစားလိုက်စဉ်
" ဟာ. . . ကံကောင်းတာပဲ ခြံတံခါးသော့ခတ်မထားဘူး။
မဖြစ်ဘူး ရတဲ့အခွင်အရေးအမြန်ယူမှ "
YOU ARE READING
ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)
Romanceအချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အမုန်းရဲ့လက်တစ်ကမ်းမှာ အချစ်ရှိနေခဲ့မယ်မှန်းသာ သူစောစောကသာ သိခဲ့ရင် အချစ်လမ်းဆိုတဲ့သူက ကတိဆိုသောကောင်လေးကို......။ အချစ်ဆိုတာ သူတို့နှစ်ယောက်အတွက်တော့ အမုန်းကနေစတင်ဖြစ်ပေါ်လာတဲ့အရာ။ အ...