uni အခန်း ၁၂

128 6 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁၂)

" ဒီအိမ်ပဲ  "

သုံးယောက်စလုံးကားပေါ်ကဆင်းပြီး လူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့ ဝတ်စုံအမဲနှင့်လူကြီးနှစ်ဦးထွက်လာလေသည်။ခြံတံခါးအနားကိုရောက်တော့ ဖွင့်မပေးသေးပဲ

" ဘယ်သူနဲ့တွေ့ချင်လို့လဲ "

မင်းထင်ကပဲ ရှေ့တိုးကာ
       " မင်းတို့ဆရာနဲ့တွေ့ချင်လို့ သူ့ကိုခေါ်ပေး "

" ခဏစောင့် "

နှစ်ယောက်ထဲမှတစ်ယောက်ကအိမ်ထဲဝင်သွားသည်။ခဏအကြာ ထိုလူနှင့်အတူ လမ်းရောက်လာသည်။

" တံခါးဖွင့်ပေးလိုက် "

" ဂလောက် "

ရွှေတံခါးကြီးပွင့်သည်နှင့်တပြိုင်နက် သစ္စာတစ်ယောက်ဒေါသမီးများဖြင့်လမ်းရဲ့အိင်္ကျီကော်လံကိုအားဖြင့်စောင့်ဆွဲလိုက်ပြီး
       " ငါ့ညီဘယ်မှာလဲ ဟမ်
ငါ့ညီဘယ်မှာလဲလို့ "

" အဟက် "

ကျေနပ်ခြင်းရယ်သံဖြင့်သူရယ်လိုက်ကာ

" ဘယ်လိုလဲသစ္စာ ။ အရမ်းခံစားရလား "

" ခွပ် "

သစ္စာထံမှ အားပြင်းပြင်းလက်သီးတစ်လုံးကိုသူစံစားလိုက်ရသည်။
အပြုံးတော့မပျက် မျက်နှာကိုပြန်လှည့်ကာနူတ်ခမ်းထောင့်လေး၌စိမ့်ထွက်နေသောသွေးကို လက်ညိုးလေးဖြင့်အသာလေးသုတ်ပစ်လိုက်သည်။

" ဒေါသကြီးလှချည်လား သစ္စာရာ
စိတ်လျော့မှပေါ့ "

" မလျော့နိုင်ဘူး ငါ့ညီဘယ်မှာလဲ
တိလေးကိုအခုပြန်ပေး "

" ဟိုမိန်းကလေးကမင်းမဟေသီလား
ချောတယ်နော် "

သစ္စာစကားကိုအရေးမလုပ်ပဲ မေချို့ဘက်ကိုလှည့်ပြောလာသည့် သူ။ချစ်သူဟောင်း၏ဇနီးဖြစ်သူအား သူကြည့်နေသည့်အကြည့်သည်လုံးဝအမုန်းနိဒါန်းအစပြုနေသလို။ သူမပဲမဟုတ်လား သူ့ရဲ့ပျော်ရွှင်ခြင်းအရသာကို ကိုယ်စား စားသုံးလိုက်သော သူ။

" အချစ်လမ်း မင်းအရေးမပါတာတွေလျှောက်ပြောမနေနဲ့
ဘယ်မှာလဲ ငါ့ညီ။ အခုခေါ်ပေး "

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Tempat cerita menjadi hidup. Temukan sekarang