uni အခန်း ၁၇

151 4 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၁၇)

မနက် (၇း၀၀)နာရီရောက်လျှင်
ကလေးကို သူနိူးပေးနေကျ။ ဒါသည်တာဝန်တစ်ရပ်လိုဖြစ်နေတော့သည်။ အိပ်ယာထသည်ကအစ သွားတိုက်သည်အဆုံး သူမပါရင်မပြီး။
သူ့ကလေးဟာလည်း ထိုသို့လုပ်ပေးမှဘဝင်ခွေ့သည်လေ ကိုယ်ဝန်(၅)လကတည်းက အောက်ထပ်မှာ ကလေးနဲ့အတူပြန်ပြောင်းနေဖြစ်သည်။ အပေါ်ထပ်က အတက်အဆင်းနှင့်မဟန်သည်မို့ လာနေရခြင်းသာ။သူ့ကလေးကတော့ လုံးဝကိုမနေချင် ဒါပေမဲ့ သူလေးကောင်းဖို့အတွက်ပေပဲမဟုတ်ပါလား ။

ဒီနေ့သည်တော့
သူ့အတွက်လုပ်စရာတွေတစ်ပုံတစ်ခေါင်းကြီး
ကျန်နေသေးသည်။
အလုပ်နှင့်ပတ်သက်၍ ဒီလ၏စာရွက်စာတန်းကိုပြန်စစ်ရန်ရှိသေး၏။ ထိုကြောင့်လည်း သူကေလးကိုမနက်စာ ပြင်ပေးပြီးမှ ကွန်ပျူတာရှေ့ လာထိုင်ရ၏။
အေးကို ကိုတော့ မှာထားလိုက်ပါရဲ့ ကလေးလိုအပ်တာမှန်သမျှလုပ်ပေးလိုက်ရန်။

" အေးကို ဦးရော "

" အခန်းပြန်သွားပြီ အကိုလေး
ရရဲ့လားဗျာ့ ကျွန်တော်ကူတွဲပေးမယ် "

" ရပါတယ် ငါယောကျာ်းပါဟ ဒါလေးကတော့အသာလေး ဘယ်လောက်မှလေးတာမဟုတ်ဘူး ။ မနက်စာ ဘာစားရမှာလဲ "

" ဒီမှာပါ သခင်လေးအားလုံးပြင်ဆင်ပေးထားပါတယ် "

တိကြည့်လိုက်တော့

" ဟင် ဆန်ပြုတ်ကြီး ။ ဒါကြီးတွေမစားချင်ဘူး နေ့တိုင်းစားနေရတာ ရိုးနေပြီ "

" မစားလို့မရဘူးဗျ သခင်လေးကမှာထားတယ်
ဆန်ပြုတ်အကုန်စားပါတဲ့ ဒါမှအကိုလေးအားရှိမှာ အားရှိမှဗိုက်ထဲက ကလေးလေးကျန်းမာမှာတဲ့ဗျာ "

" ဟင့် တပည့်ရော သခင်ရော အတူတူပဲ ။ ဒါပေမဲ့ ငါမှဒါတွေမစားချင်တာ "

" အဲဒါဆို အကိုလေး ဘာစားချင်လဲ ကျွန်တော်လုပ်ပေးမယ်လေ "

" အင်း???? "

မေးလေးပွတ်ကာ တိလေးစဉ်းစားဟန်ပြုလိုက်ပြီးမှ

" သိပြီ ငါစားချင်တာရှိတယ် "

" ဘာလဲဗျ "

" ငါးခြေထောက်ကြော် ဟုတ်တယ် ငါးခြေထောက်ကြော်။
အရမ်းစားချင်တယ် လုပ်ပေး "

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Tahanan ng mga kuwento. Tumuklas ngayon