uni အခန်း ၆

139 7 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၆)

တစ်အိမ်လုံးတိတ်ဆိတ်နေသည်။
ပုံမှန်ဆို (7)နာရီအချိန်တွင်သူဖြစ်ဖြစ် အိမ်အကူကောင်လေးဖြစ်ဖြစ် တိကိုလာနိုးနေကျ။ဒီနေ့ကျမှထူးထူးခြားခြား တိတ်ဆိတ်နေပါရော့လား။ အမိန့်ပေးသံတွေထက်စာရင်ဆိတ်ငြိမ်နေတာပဲပိုကောင်းသည်ဟု တိထင်လိုက်မိသည်။ ဒါပေမဲ့လည်း မှန်နေတာပဲမဟုတ်ပါလား ။

" ဝါး မျက်နှာသစ်ပြီးအောက်ထပ်ခဏဆင်းဦးမှပါ "

အကြောအချင်ဆန့်လိုက်ရင်း ကုတင်ပေါ်မှဆင်းမည်အပြုမှာတော့

" အား ကျွတ်ကျွတ်! နာလိုက္တာ "

ဆစ်ခနဲနာကျင်လာသည့် တစ်နေရာကိုလက်ကလေးဖြင့်အသာဖိကပ်ထားလိုက်မိသည်။

" ဂီး လူယုတ်မာကြီး
သူ့အားကိုမှအားမနာ လူကိုလုပ်တယ်။ ငါ့ဖင်လေးနာလိုက်တာ "

မနေ့ညက သူဆေးလာပေးပေမဲ့စိတ်ဆိုးနေတဲ့အရှိန်ကြောင့် နာလို့နာမှန်းမသိ။ စိတ်ဆတ်ဆတ်ဖြင့်သာ ငေါက်လွတ်လိုက်သည်။
ဆေးမလူးမိတာပဲကိုယ့်အမှားပေပဲလား။
အခုမှဟိုနေရာကနာလာရတယ်လို့။

" အယုတ်တမာကြီး။
ဘယ်သွားသွားခလုတ်တိုက်ပါစေ လမ်းလျှောက်မြွေတက်နင်းမိပါစေ ၊ ဘာစားစားအပင်းဖြစ်ပါစေ ၊ လူတကာအလည်မှာပုဆိုးကျွတ်ကျပါစေ ၊ ရှိသမျှအကုန်ကျွတ်စမ်းပါစေဗျာ "

စိတ်ထဲရှိသမျှ သူ့ကိုကျိန်ဆဲပစ်လိုက်သည်။ စိတ်ထဲမှာ နေသာသလိုတော့ရှိသယောက်ယောင်။ ဆုတောင်းရမှာပဲ
ဒင်းနဲ့မဆုံပါစေနဲ့လို့ ။

တိ မေတ္တာပို့ပေးအပြီးရေချိုးခန်းထဲဝင်လိုက်သည်။မျက်နှာသစ် သွားကိုတိုက်ကာ တစ်ခါတည်းရေပါချိုးလိုက်၏။

" တော်သေးတယ် အဝတ်အစားတွေအဆင်သင့်ထားပေးလို့။
သူ့အဝတ်သာဝတ်ရမယ်ဆိုရင်တော့ 'ဝေါ့'အန်ချင်စရာ "

အဝတ်ဗီရိုထဲက ပန်းရောင်စပို့ရှပ်လက်တိုနှင့်အဖြူရောင်ဒူးဖုံးဘောင်းဘီအတိုကိုတွဲဖက်ဝတ်ဆင်လိုက်သည်။ ဒီလိုဆိုတော့လည်း တိလေးက
ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေပြန်ရော။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now