uni အခန်း ၅

140 7 0
                                    

ချစ်ခြင်းအစ… မုန်းခြင်းက (အပိုင်း-၅)

လွန်ခဲ့သော(2)နှစ်ခန့်က . . . .

" သစ် ဒီနေ့ဘာနေ့လဲမှတ်မိလား "

ချစ်သူပခုံးကိုခေါင်းခုမှီရင်း နှစ်လုံးဖွယ်အပြုံးဖြင့်မေးလိုက်သည်။ သစ်မမှတ်မိပဲဘယ်နေမလဲ ဒီနေ့ဟာတကယ့်အရေးကြီးနေ့ပဲလေ။ အခြားနေ့တွေသာမေ့ချင်မေ့မယ် သူနဲ့ပတ်သက်တဲ့အရာဆို ဘယ်တော့မှမမေ့ကြေး။

" ဒီနေ့လား "

" အင်း "

" ဒီနေ့ကစနေနေ့လေ ဘာလို့လဲ "

မှတ်မိရက်သားနဲ့ မမှတ်မိချင်ယောင်ဆောင်လိုက်တဲ့သစ်ကြောင့် လမ်းမျက်နှာတည်သွား၏။ မှီနေတဲ့ပခုံးလေးကိုပါ တစ်ပါတည်းလက်သီးဖြင့်ထိုးတော့သည်။

" အာ့ အာ့ ဘာလုပ်တာလဲလမ်းရာ
သစ်နာတယ်နော် "

" နာစမ်းပါစေ ငါနဲ့ပတ်သက်ရင်
မင်းဘယ်အရာကိုမှတန်ဖိုးမထားဘူး ကဲကွာ ကဲကွာ "

ဆက်တိုက်ကိုထိုးနေတာကြောင့်စိတ်ဆိုးမှန်းသိသာသည်။လမ်း စိတ်ဆိုးလျှင် တစ်ခုခုကိုထိုးရတာအကျင့်တစ်ခုပင်။အထူးသဖြင့် သစ်ကိုပေါ့။

" အားကျစ်! တော်ပါတော့ကွာ တော်တော့နော်
နာတယ်ဟ "

" မင်းမှမမှတ်မိတာကို ငါကမှတ်မိအောင်လုပ်ပေးတာ "

" ဘယ်သူပြောလဲမမှတ်မိဘူးလို့ "

" ငါမေးတော့ မင်းဖြေတာစနေနေ့ဆို "

" စတာပါကွာ ဒီနေ့ကမင်းနဲ့ငါ့ရဲ့ 1year anniversary လေမဟုတ်ဘူးလား "

" အဟဲ မှတ်မိသားပဲ ငါကထပ်ထိုးတော့မလို့ "

လက်သီးကိုတစ်ဖန်ရွယ်လိုက်ပေမဲ့ လမ်းမထိုးပါ။ သစ် နဖူးလေးကိုပဲနက်နက်ရိူင်းရိူင်းအနမ်းပေးလိုက်သည်။

" ငါမင်းကိုအရမ်းချစ်တယ် သစ် "

" ငါရောပဲ မင်းကိုအရမ်းချစ်တယ် လမ်း "

တစ်ယောက်နဲ့တစ်ယောက်ချစ်အကြောင်းတွေ
ဖွင့်ဟဝန်ခံရင်း အကြည့်တို့ကတစ်ယောက်နူတ်ခမ်းတစ်ယောက်ဆီသို့။ရင်ထဲကတိုးဝင်လာတဲ့အချစ်လေညှင်းရဲ့ဆော်အောမူကြောင်း အချစ်တို့ရဲ့အလှတရားဖြစ်သည့်ချိုမြိန်တဲ့အနမ်းတစ်ခုပေါက်ဖွားလာသည်။နူးညံ့ညင်သာမူရဲ့အရသာကိုနှစ်ယောက်သားခံစားကြရင်း
လေနှင်ရာအတိုင်းမျောလွင့်လိုက်ပါတော့သည်။ချစ်သူနှစ်ဦး၏anniversaryသည် လှပခဲ့ချေပြီ။

ချစ်ခြင်းအစ မုန်းခြင်းက (အမုန်းရဲ့ရင်ခုန်သံ)(Complete) (Zg-Uni)Where stories live. Discover now