[1] Rain & Breeze {Uni+Zg}

133 6 3
                                    

အခန်း[1]Rain & Breeze {Unicode}

May22,2021
​တောင်​ကိုရီးယားနိုင်​ငံ၊ ဆိုလ်းမြို့၊ဂန်းနမ်​ခရိုင်​၊​​ချောင်းဒန်းဒုံ[ရပ်​ကွက်​]။

ကျယ်​ဝန်းကြီးမား​လှသည့်အဝတ်​လဲခန်းအတွင်း၌ အိမ်ကြီးရှင်လေး ဟန်​သာမိုးယွန်းတစ်​​ယောက်​ ဟိုရှာဒီရှာဖြင့်အလုပ်​များ​နေ​လေသည်​။
အ​ကြောင်းမှာ သူ၏ခါးထဲမှ ခါးမြင့်စတိုင်​ပန့်​နှင့်တွဲဖက်​ဝတ်​ဆင်​ရမည့်အင်္ကျီကို
ရှာမ​တွေ့​သေး​သော​ကြောင့်ပင်​။
ရာနှင့်ချီ​သောအဖြူ​ရောင်ရှပ်​အင်္ကျီတန်းများ၌ အတန်​ကြာ​အောင်​ခေါင်းစိုက်​​နေပြီးမှ
သူအကြိုက်​ဆုံးအမှတ်​တံဆိပ်​ဖြစ်သည့်
Ciel&pluie[Sky&Rain]၏limited edition ​ပိုးသားဖဲကြိုးချည်​အင်္ကျီ​လေးတစ်ထည်ကိုရှာ​တွေ့သွား​လေသည်​။

ဟန်သာမိုးယွန်းက အနည်းငယ်စိတ်ကျေနပ်သွားဟန်ဖြင့် ထိုပိုးသားအင်္ကျီ​လေးကို အောက်ခံစွပ်ကျယ်အပေါ်မှထပ်ဝတ်လိုက်ပြီးဖဲကြိုးကိုလှလှပပစည်း​နှောင်​လျက် သူစွတ်​​နေကျမက်​မွန်​သီးရနံ့​ရေ​မွှေးကို
သူ၏လက်​​ကောက်​ဝတ်​နှင့် လည်​တိုင်​သွယ်​သွယ်​​လေး၌ တစ်​ချက်​စီဖြန်းလိုက်​​လေသည်။
ထို့​နောက်​ သူနှင့် သူ့ချစ်​သူ၏များ​ပြားလှစွာသောစုံတွဲနာရီများထဲမှ Patek Philippe၏ ​ရွှေ​ရောင်​Nautilusနာရီနှစ်​လုံးကို
ထုတ်​ယူ၍ ကြိုးအနည်းငယ်​တိုသည့်တစ်​လုံးကို သူ၏ဘယ်​ဘက်​လက်​​ကောက်​ဝတ်​၌ဝတ်​ဆင်​လိုက်​သည်​။

ထို့​နောက်​ မိုးယွန်းက​ မြောက်​များလှစွာ​သောနက်​ကတိုင်​များကိုစီတန်းထည့်ထားသည့်မှန်​ဘီရိုများရှိရာသို့​လျှောက်​သွားလိုက်​ပြီး သူ့ချစ်​သူ၏ဝတ်​စုံနှင့်လိုက်​ဖက်​ညီမည့်နက်​ကတိုင်​ကို စိတ်​ရှည်​လက်​ရှည်​​ရွေး​နေ​လေ၏။

​ခေတ္တမျှကြာ​သော်​ သူ့စိတ်​တိုင်းကျနက်​ကတိုင်​တစ်​ခုရသွားပြီမို့ အဝတ်​လဲ​နေသူအား လှမ်း​ခေါ်လိုက်​​တော့သည်​။

"ပိုင်​​ရေ...ကိုကို နက်​ကတိုင်​​ရွေးပြီးပြီနော်"

"လာပြီ...ကိုကို"

အ​ဖြေစကားနှင့်အတူ ဟန်သာမိုးယွန်းရှိရာသို့ ခပ်သော့သော့လျှောက်​လာသည့် "ချမ်းမြေ့ဟန်ပိုင်"
ချမ်းမြေ့ဟန်ပိုင်​က သူ၏​တောင့်တင်းကျစ်​လစ်​​နေသည့်ခန္တာကိုယ်​၌
အပိုအလိုမရှိ ကွတ်​တိကျ​နေ​သောရှပ်​အဖြူ​ပေါ်မှ အညို​ရောင်​Blazerကိုထပ်​ဝတ်​ထားပြီး
ပြန့်ပြူး​နေသည့်အညို​ရောင်​style pantနှင့်
သပ်​ရပ်​စွာတွဲဖက်​ဝတ်​ဆင်​ထား၏။

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီDove le storie prendono vita. Scoprilo ora