[8].စိမ်းဖန့်ဖန့်အခန်းငယ်​...{Unicode}

62 2 0
                                    

အခန်း[8] စိမ်းဖန့်ဖန့်အခန်းငယ်

အနီးအနားရှိကုန်​တိုက်​၌
ကိတ်​မုန့်ဖုတ်​ဖို့လိုအပ်​သည့်ပစ္စည်းများကိုဝယ်​ယူပြီး
သူ့အိမ်​​လေးရှိရာသို့ပြန်​လာခဲ့သည်​။
မဲ​မှောင်​​နေသည့်ခြံ​ရှေ့ရောက်​​တော့
အ​သေအချာကန့်လန့်ထိုးခဲ့သည့်တံခါးက
လူတစ်​ကိုယ်​စာ​လောက်​ဟ​နေ​သော​ကြောင့်
သူဇ​ဝေဇဝါဖြစ်​သွားရပြီး
ကားဒက်​ရှ်​ဘုတ်ပေါ်၌တင်ထားသည့် Fabbriပစ္စတိုကိုဆွဲယူကာ ​မောင်းတင်​ထားလိုက်​သည်​။

ခြံဝန်း၏အ​ခြေအ​နေကိုအကဲခတ်​ရင်း
​ကွေ့​ကောက်​​နေသည့်စိန်​ပန်းလမ်း​လေးအတိုင်း
​ဖြေး​ဖြေးချင်း​မောင်းဝင်​လာ​တော့ အ​ဝေးမှလှမ်းမြင်​​နေရသည့်
အိမ်​​ရှေ့မျက်​နှာစာကြမ်းပြင်​၌ လဲကျ​နေသည့်လူတစ်​​ယောက်​ကို​တွေ့မြင်​လိုက်​ရသည်​။
သူ့အာရုံမှာ အမြဲတ​စေစွဲထင်​​နေသည့်ပုံရိပ်​​လေး​ကြောင့်
သူအံ့အားသင့်သွားရပြီး တဆက်​တည်းမှာပင်​
တစ်​ကိုယ်​လုံး မိုး​ရေများဖြင့်ရွှဲရွှဲစိုလျက်​လဲကျ​နေသည့်လူအား စိတ်​ပူပန်​စွာဖြင့် အိမ်​​ရှေ့ကြမ်းပြင်​​ပေါ်သို့
အ​ပြေးအလွှား​ရောက်​သွားမိသည်​။

သူ့ကိုမြင်​သည်​နှင့် ကမန်းကတန်းထထိုင်​သည့်လူမှာ နှုတ်​ခမ်းလွှာများက ​သွေးဆုပ်​ဖြူ​လျော်​​နေလျက်​...။
တဆတ်​ဆတ်​တုန်​ယင်​​နေသည့်ကိုယ်​​လေးကို
သူဆွဲ​ပွေ့မိ​တော့ ချစ်ရသူ၏နှုတ်​ဖျားမှ
'​မောင်​'ဟူသည့်
​ခေါ်သံ​လေးထွက်​​ပေါ်လာခဲ့သည်​။
သူအံ့အားသင့်​စွာဖြင့် ရင်​ခွင်​ထဲမှမျက်​နှာ​လေးကိုငုံ့ကြည့်မိတဲ့အခါ ယွန်းက မျက်​ရည်​စများစိုစွတ်​လျက်​ သူ့ကိုစိုက်​ကြည့်​နေ၏။
ထို့​နောက်​ အားအင်​​ဖျော့​တော့​နေ​သောလက်​များဖြင့် သူ၏ပါးပြင်​ကိုခပ်​ဖွဖွထိ​တွေ့၍ ထပ်​မံ​ပြောလိုက်​​သောစကားသံ။

နှစ်​ကိုယ်​ကြား ကြားရရုံသာထွက်​​ပေါ်လာသည့်တိုး​ဖျော့​ဖျော့စကားသံ​လေး​ကြောင့်​ အံ့သြရိပ်​များယှက်​သန်း​နေသည့်​ ​​ကောင်းကင်​ခြံရံ၏​ဆွေး​မြေ့​မြေ့မျက်​ဝန်းအစုံတို့မှာ
မျက်​ရည်​စများဖြင့် တမဟုတ်​ချင်းစိုစွတ်​သွားပြီး နှုတ်​ခမ်းစွန်း​လေးနှစ်​ဖက်​မှာလည်း
သိသိသာသာတွန့်​ကွေးသွား​လေသည်​။

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီWhere stories live. Discover now