အခန်း[5] အတိတ်သို့တမ်းတခြင်း...
ခပ်နွေးနွေးဝင်သက်ထွက်သက်များက
သူ့နှာဖျားကိုလာရောက်ရိုက်ခတ်သည်အထိ
နီးကပ်လွန်းနေသည့်ကောင်းကင်ခြံရံ၏မျက်နှာကြောင့်
သူ၏နှလုံးအိမ်မှာ ကျယ်လောင်စွာမြည်ဟီးလာတော့သည်။"ဖယ်...ဖယ်ပေး"
မဝံ့မရဲအသံလေးနှင့်အတူ ရင်ဘတ်ကို
တွန်းကန်လာသည့်လက်ကလေးများကြောင့်
ကောင်းကင်ခြံရံက ဟက်ခနဲရယ်ကာ
ခုတင်နံဘေးရှိစားပွဲပေါ်မှ ဘူးတစ်ဘူးကိုလှမ်းယူပြီး
မိုးယွန်းကိုအုပ်မိုးထားရာမှဖယ်ပေးလိုက်သည်။"မင်းခြေထောက်ကို ဆေးစည်းပေးမလို့"
ထိုအခါမှ မိုးယွန်းကစိတ်သက်သာရာရသွားဟန်ဖြင့်
လဲနေရာမှထကာ ခုတင်ဘောင်အားကျောမှီလိုက်လေသည်။
ကောင်းကင်ခြံရံက သူ၏လက်တစ်ဆုပ်စာပင်မပြည့်သည့်
မိုးယွန်း၏ခြေကျင်းဝတ်လေးတွေကိုဆွဲယူကာ
သူ၏ပေါင်ပေါ်သို့တင်လိုက်ပြီး ဖိနပ်နှင့်ခြေအိတ်ကိုချွတ်ပေး၏။မိုးယွန်း၏အထိမခံလွန်းသောအသားအရေမှာ
မွေးကင်းစကလေးများကဲ့သို့ နုနယ်လွန်းတာမို့
ခြေချောင်းထိပ်လေးများမှာ ဖိနပ်ဒဏ်ကြောင့်နီရဲနေလျက်
ခြေဖနောင့်လေးနှစ်ခုမှာလည်း သွေးခြေဥနေပြီဖြစ်သည်။ကောင်းကင်ခြံရံက အနည်းငယ်ပူရှိန်းရှိန်းဖြစ်နေသည့်ဆေးပတ်တီးကို မိုးယွန်း၏ခြေဖနောင့်၌
စိတ်ရှည်လက်ရှည်ဖြင့်ညင်သာစွာစည်းပေးနေ၏။
မိုးယွန်းက မျက်လုံးဝိုင်းလေးများဖြင့်
ကောင်းကင်ခြံရံ၏လှုပ်ရှားမှုတစ်ခုချင်းစီကို
မလွတ်တမ်းလိုက်ကြည့်နေပြီး
ညအိပ်မီးရောင်မှိန်မှိန်လေးဟပ်နေသည့်
မိုးယွန်း၏အသားအရေမှာ ပုံမှန်ထက်ပို၍ဖျော့တော့နေလျက်
ပါးအို့နှစ်ဖက်မှာအနည်းငယ်ရဲနေ၏။"မင်းခြေထောက်လေးတွေက သိပ်နူးညံ့တာ"
"ငါပြန်တော့မယ်"
YOU ARE READING
မိုးစက်ကြွေသောလေညှင်း....မြေခလာသောစိန်ပန်းနီနီ
General FictionDescription- အချစ်ကြောင့် သေဆုံးခဲ့ဖူးသလို အချစ်ကြောင့်ပဲ ပြန်လည်ရှင်သန်ခဲ့တယ်။