[4].ဒုတိယအကြိမ်​​မြောက်​ပြန်​လည်​​တွေ့ဆုံခြင်း {Unicode}

56 2 1
                                    

အခန်း[4]
ဒုတိယအကြိမ်​​မြောက်​ပြန်​လည်​​တွေ့ဆုံခြင်း

မျက်​စိတဆုံးရှည်​လျားလှသည့် ​ကော်​​ဇောနီကြီး​ပေါ်၌
နက်​​မှောင်​​ပြောင်​လက်​​နေသည့်ကားများဝန်းရံလျက်​
ဂုဏ်​ကျက်​သ​ရေကြီးမားစွာဝင်​​ရောက်​လာသည့်
အဖြူ​ရောင်​Rolls-Royce။
Hotelကြီး၏ဝင်​​ပေါက်​၌ရပ်​တန့်သွား​သော
ကားတန်းများ​ကြောင့် အနီ​ရောင်​ကြိုးများနှင့်ကာရံထား​သော စည်းတန်းများ၏​နောက်​မှလူတစ်​စုမှာလည်း
လှုပ်​လှုပ်​ရှားရှားဖြစ်​သွားကြ​လေသည်​။

ကင်​မရာများနှင့် မိုက်​ခရိုဖုန်း
ကိုယ်​စီကိုင်​ထားကြသည့်သတင်း​ထောက်​များမှာ
ကျွတ်​စီကျွတ်​စီနှင့် အလွန်​အမင်းစိတ်​လှုပ်​ရှား​နေကြ​သော်​လည်း ရုတ်​ရုတ်​သဲသဲမပြုမူရဲကြ​...။
​ကော်​ဇာနီ​လျှောက်​လမ်း၏ပတ်​ပတ်​လည်​၌
ကာရံထား​သော သက်​​တော်​​စောင့်များ​ကြောင့်လည်း
သူ့ထက်​ငါအပြိုင်​ အလုအယက်​စူးစမ်းခွင့်မရ​ပေ။
သတင်းယူရန်​မလွယ်​ကူသည့် Kaung Kin Co.ltd၏
ဂုဏ်​သ​ရေရှိဖွင့်ပွဲအခမ်းအနားကြီးမို့
အမှားအယွင်းတစ်​ခုသာပြုမိလျှင်​ အကျိူးဆက်​မှာ
ဧကန်​စင်​စစ်​ပင်​ဆိုးရွားလိမ့်မည်​ဖြစ်​​ကြောင်း
သိနားလည်​​နေ​သော​ကြောင့်ပင်​။

ထိုအချိန်​၌ အသာအယာပွင့်ဟလာ​သော ကားတံခါးနှင့်အတူ
​ကော်​​ဇောနီ​ပေါ်သို့ ​ခြေချလိုက်​​သော
အနက်​​ရောင်​စိုလက်​​နေသည့်ရှူးတစ်​စုံ။

Elon.P၏C.E.O​ ရောက်​ရှိလာ​လေပြီ။

ကင်​မရာကိုင်​၍ အဆင့်သင့်​စောင်းဆိုင်း​နေသည့်သတင်း​ထောက်​များမှာ ကားထဲကထွက်​လာသူ​ကြောင့်
ရုတ်​ရုတ်​သဲသဲဆူညံသွားကြပြီး
အပြိုင်​အဆိုင်​ထွက်​​ပေါ်လာ​သောကင်​မရာမီး​ရောင်​များမှာလည်း မျက်​စိကျိန်း​လောက်​​အောက်​ပင်​...။

Elon.P၏C.E.Oက ပွဲတက်​သည့်အခါတိုင်းမှာ
ပါတနာမပါဘဲတစ်​ကိုယ်​တည်းသာ တက်​​ရောက်​​လေ့ရှိသည်​မို့
သူ၏အချစ်​​ရေးသတင်းမှာ
အ​တော်​​လေးလူစိတ်​ဝင်​စားခံခဲ့ရသည်​။
သို့​သော်​ ယခုအခါတွင်​​တော့ အတူပါလာသည့်
​နောက်​ထပ်​လူတစ်​​ယောက်​ရှိ​နေ​သေးပုံရပြီး
ကားတံခါးကိုကိုင်​လျက်​ အတွင်းပိုင်းကို
ခန္တာကိုယ်​ဖြင့်ကာထားသည့်ချမ်း​မြေ့ဟန်​ပိုင်​​ကြောင့်
ကားအတွင်းထဲ၌ထိုင်​​နေသူကို
အပြင်​ဘက်​မှ သဲသဲကွဲကွဲမ​တွေ့မြင်​ရ​ပေ။
ထိုးထိုး​ထောင်​​ထောင်​နှင့် ကားအတွင်းပိုင်းကို
လှမ်း၍စူးစမ်း​နေကြ​သော လူများမှာလည်း
ကျွတ်​စီကျွတ်​စီနှင့်ဆူညံပွက်​​လောရိုက်​​နေလျက်​...။

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီWhere stories live. Discover now