[12] စိန်​ပန်း​ကြွေ​တွေ....မျက်​ရည်​မိုး​ဝေ {U}

103 4 13
                                    

အခန်း[12] စိန်​ပန်း​ကြွေ​တွေ....မျက်​ရည်​မိုး​ဝေ

"​သောက်​ချီးလို​တွေ​တော့ဖြစ်​ကုန်​ပြီ
ဟန်​သာမိုးယွန်းတို့​တော့ ​မွှေတယ်​​ဟေ့"

ခန့်မင်းမြတ်​တစ်​​ယောက်​ မ​ကျေမနပ်​​ရေရွတ်​ကာ
ချမ်း​မြေ့ဟန်​ပိုင်​ဆီမှ ဖုန်းရရချင်း
Royal Vသို့ ကမန်းကတန်းထထွက်​လာခဲ့သည်​။
အလာလမ်းမှာ ​ကောင်းကင်​ခြံရံ၏ဖုန်းကို
ဆက်​တိုက်​​ခေါ်​နေ​သော်​လည်း တစ်​ဖက်​မှလုံးဝမကိုင်​။
ထိပ်​​တိုက်​​မ​တွေ့​အောင်​​ရှောင်​ခိုင်းကာမှ တည့်တည့်ကြီးကို တိုးကြ​တော့မည်​။

သူပါ အလိုတူအလိုပါဝိုင်းလိမ်​​ပေးထားတာမို့
ကိုယ့်ညီမျက်​နှာပင်​ ပြန်​မကြည့်ရဲ​တော့...။
​တွေးရုံဖြင့်ပင်​ စိတ်​ပိန်​လွန်း၍
အိပ်​ရာထခါစ ခန့်မင်းမြတ်၏မျက်​နှာမှာလည်း ပူပန်​​သောကအပြည့်နှင့်ရှုံ့မဲ့​နေ၏။

ခန့်မင်းမြတ်က အိမ်​မှ ကွန်​ဒိုထိ ကားကိုတရကြမ်း​မောင်းချလာပြီး
အခန်း​ရှေ့​ရောက်​​တော့ ကိုယ့်​ကိုယ်ကိုယ်သရဏဂုံတင်​ပြီးမှသာ တံခါးဖွင့်လိုက်​ရသည်​။
အခန်းထဲ​ရောက်​ချသွား​တော့ မှန်​တံခါးကို​ကျောမှီ၍
​ဆေးလိပ်​တစ်လိပ်​ လက်​ကြားညှပ်​ကာ
ဓာတ်​ပုံအယ်​လ်​ဘမ်​များကို ထိုင်​ကြည့်​နေသည့် ချမ်း​မြေ့ဟန်​ပိုင်​ကိုမြင်​လိုက်​ရ၏။

သူ​ရောက်​လာမှန်းသိ​သော်​လည်း
ဟန်​ပိုင်​က သူ့ကိုလှည့်မကြည့်...။
အခုချိန်​ဆိုလျှင်​ ထိန်းမနိုင်​သိမ်းမရ​အောင်​​
ပေါက်​ကွဲထွက်​​နေလိမ့်မည်​ဟု သူထင်​ထား​သော်​လည်း ဟန်​ပိုင်​က သူ့အထင်​နှင့် အမြင် တက်​တက်​စင်​​အောင်​လွဲ​နေခဲ့သည်​။

"ဟန်​ပိုင်​"

"သွားမယ်​ ကိုခန့်"

"ဘယ်​ကိုလဲ"

"ဘယ်​ကိုသွားရမလဲဆိုတာ ကိုခန့်ပဲ​ပြော​တော့"

"ဟန်​ပိုင်​...ငါ တမင်​ရည်​ရွယ်​ချက်​ရှိရှိနဲ့
လိမ်​​ပေးတာမဟုတ်​ပါဘူး..."

"မရှင်းပြနဲ့ ကိုခန့်
အခု ကျွန်​​တော့်ကို ကိုကို့ဆီလိုက်​ပို့"

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီDonde viven las historias. Descúbrelo ahora