အခန်း[11] June2,2021💚
{နှလုံးသားတိမ်တိုက်မှ မိုးစက်များကြွေကျနေသည်}မိုးယွန်းက ဧည့်ခန်းရှိဆိုဖာမှာထိုင်လျက်ဖြင့်
ကောင်းကင်ဝယ်လာသည့်ပစ္စည်းများကို စစ်ဆေးကြည့်ရှူနေသည်။
ပစ္စည်းအားလုံးစုံစုံလင်လင်ရှိနေသောကြောင့်
သူဆိုဖာမှထရပ်လိုက်တော့ ကောင်းကင်က သူ့ကိုကျောပိုးဟန်ပြင်လာ၏။"မင်းခြေထောက်နာလိမ့်မယ်...မောင့်ကျောပေါ်တက်"
ကောင်းကင်၏စကားအတိုင်း သူ့ကျောပေါ်တက်ကာ
လည်ပင်းကိုသိုင်းဖက်၍ မီးဖိုခန်းဆီသို့ထွက်လာခဲ့သည်။
မီးဖိုခန်းရောက်တော့ ကောင်းကင်က သူ့ကိုခုံပေါ်၌ထိုင်စေပြီး ကိတ်မုန့်လုပ်ဖို့အတွက်လိုအပ်သည့်ပစ္စည်းများကို သူ့အနီးအနားမှစားပွဲခုံပေါ်၌ ပတ်လည်ဝိုင်း၍ချထားပေးသည်။"မောင်....ဘာကိတ်စားချင်လဲ
နို့စတော်ဘယ်ရီပဲလား""ဒါပေါ့"
ကောင်းကင်ဆီမှအဖြေရသည်နှင့်
မိုးယွန်းက ကိတ်မုန့်ဖုတ်ခြင်းကိုစတင်လိုက်တော့သည်။
သူ့နံဘေးမှာအသင့်ရှိနေသည့်ကောင်းကင်က
လိုအပ်သည်များကိုကူညီပေးနေသောကြောင့်
တစ်နာရီခွဲခန့်အချိန်ယူပြီးသည်နှင့် အနားသားလေးများညိုနေသည့်ကိတ်မုန့်မွှေးမွှေးလေးတစ်လုံး ရလာလေပြီ။
အာဗန်မှအချက်ပေးသည်နှင့် မီးပိတ်၍
ကိတ်မုန့်သွားထုတ်မည့်ကောင်းကင်ကို သူအနောက်ကနေ သတိလှမ်းပေးလိုက်၏ယ"မောင်...ပူမယ်နော်၊ လက်အိတ်နဲ့ကိုင်"
"အင်းပါ"
ကောင်းကင်က ရှပ်တိရှပ်ပြာမနိုင်...။
လက်အိတ်သေချာဝတ်၍ မုန့်ဗန်းလေးကိုသူ့ဆီသို့ ချောချောမွေ့မွေ့သယ်လာ၏။
ဟိုငတိလေးသာဆိုရင်တော့ သူသတိပေးချိန်မှာ နောက်ပင်ကျသွားလောက်ပြီ။
မုန့်ဗန်းကို လက်ဗလာနှင့် အလောတကြီးသွားကိုင်၍ အပူလောင်နှင့်နေပြီဖြစ်သည်။
![](https://img.wattpad.com/cover/307788110-288-k442904.jpg)
ESTÁS LEYENDO
မိုးစက်ကြွေသောလေညှင်း....မြေခလာသောစိန်ပန်းနီနီ
Ficción GeneralDescription- အချစ်ကြောင့် သေဆုံးခဲ့ဖူးသလို အချစ်ကြောင့်ပဲ ပြန်လည်ရှင်သန်ခဲ့တယ်။