[14].စိတ်​ခံစားချက်​များ အားပြိုင်​ကြ​သောအခါ {U}

51 4 6
                                    

အခန်း[14] စိတ်ခံစားချက်များ အားပြိုင်ကြသောအခါ....

ရုတ်​တရက်​ထွက်​​ပေါ်လာသည့်အချက်​ပေး​သံတိုးတိုး​ကြောင့် အိပ်​​မောကျ​နေသည့်​ကောင်းကင်​၏ရင်​ခွင်​ထဲ၌ သူအသာမှိန်း​နေရာမှ ​ဖြေးညှင်းစွာလှုပ်​ရှားလိုက်​ပြီး နံ​ဘေးမှဖုန်းကို ဖွင့်ကြည့်လိုက်​သည်​။
သူထင်​သည့်အတိုင်းပင်​ ကိုစိုးမိုးထံမှ
စာတိုတစ်​​စောင်​​ရောက်​လာခြင်းဖြစ်​ပြီး
ထိုစာတို၏ရည်​ရွယ်​ချက်​မှာ ကွန်​ဒိုသို့ပြန်​လာသင့်ပြီဖြစ်​​ကြောင်း သူ့ကိုလှမ်းသတိ​ပေးခြင်းဖြစ်​သည်​။

နာရီဝက်​အတွင်းပြန်​​ရောက်​မည်​ဖြစ်​​ကြောင်း
ပြန်​စာပို့ပြီးသည်​နှင့် သူ့အားတင်းကြပ်​စွာဖက်​တွယ်​ထားသည့် ​ကောင်းကင်​၏လက်​အား သူ့ခါး​ပေါ်မှဖယ်​ရှား၍မီးဖို​ချောင်​အတွင်းသို့ဝင်​လာခဲ့သည်​။
အစပ်​အဟပ်​တည့်၍ အာဟာရပြည့်ဝ​အောင်​
ချက်​ပြုတ်​ထားသည့်ကြက်​စွပ်​ပြုတ်​တစ်​အိုးကို မီးဖို​ပေါ်တင်​၍ပြန်​​နွှေးပြီးသည်​နှင့် အိမ်​ပု​လေးအတွင်းသို့
သူအ​သေအချာလှည့်ပတ်​ကြည့်ရှူလိုက်​၏။

အိမ်​မျက်​နှာစာမှ မှန်​တံခါးများကိုလုံခြုံစွာ​စေ့ပိတ်​ပြီး အတွင်းအပြင်​ထိုး​ဖောက်​မြင်​​နေရသည့်မှန်​များကိုလည်း ထူထဲသည့်အစိမ်း​ရောင်​ပိုးဖဲသားကန့်လန့်ကာများဖြင့် ဆွဲကာပစ်​လိုက်​၏။
အနည်းငယ်​​သော မှန်​ပြတင်း​ပေါက်​တချိူ့ကိုလည်းလိုက်​လံစစ်​​ဆေးပြီး တစ်​အိမ်​လုံးစိတ်​ချရသည့်အ​နေအထား​ရောက်​မှသာ
ဧည့်ခန်းနံရံ၌ချိတ်​ထားသည့်​သော့တွဲ​လေးနှစ်​ခုအနက်​ မတူညီသည့်​သော့နှစ်​​ချောင်းကိုဖြုတ်​ယူကာ သူ၏​ဘောင်းဘီအိတ်​ကပ်​ထဲ ထည့်ထားလိုက်​သည်​။

ထို့​နောက်​ အိပ်​ခန်းထဲသို့ပြန်​ဝင်​ကာ
​ကောင်းကင်​၏မျက်​နှာမှဒဏ်​ရာများကို ပိုးသတ်​၍သန့်စင်​ပြီး ​ဆေးထည့်​ပေးလိုက်​၏။
မျက်​ခုံးအ​ပေါ်မှ​သွေးတိတ်​​နေသည့်ဒဏ်​ရာကို
သူထိ​တွေ့​နေ​သောအခါ ​ကောင်းကင်​က မျက်​ခုံးတန်းတို့စုကျူံ့သွားပြီး
​စေ့မှိတ်​ထား​သောမျက်​လုံးများမှာလည်း
ခပ်​​ဖြေး​ဖြေးပွင့်ဟလာ​တော့သည်​။

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီTempat cerita menjadi hidup. Temukan sekarang