အခန်း[3]ပင်လယ်ပြာရောင်မျက်ဝန်းများ
ပိုင်က တစ်လမ်းလုံးတိတ်တဆိတ်သာရှိနေခဲ့ပြီး သူ့အား အရိပ်တကြည့်ကြည့်နေရုံကလွဲ
ထွေထွေထူးထူးမမေးမြန်းခဲ့ပါ။အရုပ်ကြိုးပြတ်ဖြစ်ကာ ပိုက်ဆံအိတ်နှင့်ဖုန်းကိုပါကျပျောက်ခဲ့သည့်သူ့အခြေအနေကို
ပိုင်က အတော်လေးစိုးရိမ်ပူပန်နေခဲ့သော်လည်း သူစိတ်ကျဉ်းကြပ်မည်စိုး၍
မေးခွန်းမများခြင်းသာဖြစ်ပါလိမ့်မည်။ထို့ကြောင့် အိမ်ပြန်ရောက်တော့မှသာ
သူ့ဘက်ကစတင်၍ အမှန်တဝက်အမှားတဝက်ရောနေသည့်ဖြစ်ကြောင်းကုန်စင်ကို ဖြေရှင်းချက်ပေးရတော့သည်။"စောနကလေ ကိုကို ကားမှားဝင်မိသွားတာ။
အဲ့ဒီ့ကားက ပိုင့်ကားနဲ့တစ်ပုံစံတည်းဖြစ်နေတာကိုး။
ပြီးတော့ ၇နာရီထိုးခါနီး ဆိုင်ရှေ့မှာရပ်လာတာဆိုတော့
ပိုင်လာကြိုပြီဆိုပြီး ပြေးဝင်ချသွားတာပဲ။
ကားထဲမှာ အကျအနဝင်ထိုင်ပြီး
စကားတွေတောင်ပြောနေသေးတာ
ပြီးတော့မှ ပိုင်မဟုတ်မှန်းသိလိုက်ရတော့
ကိုကိုလန့်သွားတာအရမ်းပဲ သိလား။
ပိုက်ဆံအိတ်နဲ့ဖုန်းက အဲ့ကားထဲမှာပဲကျန်ခဲ့တယ်ထင်တယ်၊နှမြောလိုက်တာ""အဲ့ဒါတွေက ကိုကို့လောက်အရေးမကြီးဘူး
ကိုကိုဘာမှမထိခိုက်သွားတာဘဲ ကံကောင်းနေပြီ"ဒဏ်ရာအနာတရရှိ၊ မရှိ တစ်ကိုယ်လုံးကို
အပြန်ပြန်အလှန်လှန်စစ်ဆေး၍
ကိုကို့အခြေအနေကို ၁နာရီနီးပါးစောင့်ကြည့်ပြီး တစ်စုံတစ်ရာမထိခိုက်မှန်းသေချာတော့မှသာ သူ ဟင်းခနဲသက်ပြင်းချနိုင်တော့သည်။အနွေးထည်ဝတ်ပြီး ဆိုင်ထဲမှာပဲစောင့်နေဖို့
သေချာမှာထားတာကိုလည်း ဂရုမစိုက်။
သူ့ခမျာ ချစ်နေတော့လည်း စကားနားမထောင်တဲ့လူကြီးလေးကို နမော်နမဲ့နိုင်ရကောင်းလားဟုလည်း အပြစ်မမြင်ရက်...။
ကိုယ့်မှာ ဒီအဆိုးလေးကိုပဲ
အရိပ်တကြည့်ကြည့်ချစ်နေရတာမဟုတ်လား။
YOU ARE READING
မိုးစက်ကြွေသောလေညှင်း....မြေခလာသောစိန်ပန်းနီနီ
General FictionDescription- အချစ်ကြောင့် သေဆုံးခဲ့ဖူးသလို အချစ်ကြောင့်ပဲ ပြန်လည်ရှင်သန်ခဲ့တယ်။