[10] ​.အချိန်​မှားတဲ့​မိုးစက်​​တွေ...{U}

45 2 1
                                    

အခန်း[10] ​​အချိန်​မှားတဲ့​မိုးစက်​​တွေ...

ချမ်း​မြေ့ဟန်​ပိုင်​က ​ရေမိုးချိူးပြီး
Bathrobeဝတ်​လျက်​ဖြင့်ပင်​ ထမင်းစားခန်းထဲသို့ဆင်းလာခဲ့သည်​။
​ရေခဲ​သေတ္တာကိုဖွင့်လိုက်​​တော့ နို့စ​တော်​ဘယ်​ရီကိတ်​တစ်​ခြမ်းအပြင်​'​နွှေးပြီးမှစားရန်​'ဟုစာကပ်​ထားသည့်
ဟင်းဘူးများကိုပါ​တွေ့လိုက်​ရ​သော​ကြောင့်
ကိုကိုအိမ်​တစ်​​ခေါက်​ပြန်​လာသွားမှန်း သူသိလိုက်​ပြီ။

ကိုကိုက အိမ်​ပြန်​မလာမှာလည်းမဟုတ်​ဘဲ
ဘာလို့ စားစရာ​တွေကို တကူးတကလာပြန်​ထား​ရသလဲ။
သူ​တွေးရင်းဖြင့် ကိတ်​မုန့်ဘူးကိုယူကာ
ဆိုဖာရှိရာသို့​လျှောက်​လာခဲ့၏။
ဖုန်းကိုယူ၍ အမြဲလုပ်​​နေကျအတိုင်း ကိုကို့ဆီဖုန်းလှမ်းဆက်​လိုက်​​တော့ ကြား​ရ​လေ့မရှိသည့် တပ်​ဆင်​ထားခြင်းမရှိပါဟူ​သော​ဖြေကြားသံ​ကြောင့် သူ့စိတ်​ထဲတစ်​မျိူးဖြစ်​သွားရသည်​။
ကိုကို့ဖုန်းကိုဆက်​လို့မရ​သော​ကြောင့်
ဆိုင်​ဖုန်းကိုဆက်​မည့်အချိန်​၌ပင်​ သူ၏အစ်​ကိုတစ်​ဝမ်းကွဲဖြစ်​သူကိုခန့်ဆီမှ ဖုန်းဝင်​လာ​တော့သည်​။

"ကိုခန့်​...​ပြော"

"​အေး...ဟန်​ပိုင်​
ဟန်​သာက ည​နေကပဲ မြန်​မာကိုပြန်​​ရောက်​တယ်​။
​လေဆိပ်​​ရောက်​​တော့ ငါ့ကိုဖုန်းလှမ်းဆက်​လို့
ငါသွားကြို​ပေးလာတာ...။
အဲ့ဒါ သူမင်းကိုမ​ပြောဘဲပြန်​လာတာ မင်းစိတ်​ဆိုးမှာစိုးလို့
ငါ့ကိုလှမ်း​ပြော​ပေးပါဆိုလို့ကွာ.."

"ကျစ်​...မသွားပါနဲ့လို့​ပြောထားတာကိုဗျာ။
မနက်​ဖြန်​ပဲ ကျွန်​​တော်​လိုက်​ပို့​တော့မဲ့ဟာကို...၊
ကိုကိုအရမ်း​လော​နေရ​အောင်​ Co.မှာဘာ​တွေဖြစ်​​နေလို့လဲ ကိုခန့်ရ"

"အဲ...ဒီအတိုင်းပဲကွာ...သူ့ကွန်​ဒိုကိုသတိရလို့တဲ့။
မနက်​ဖြန်​မနက်​ပြန်​မယ်​လို့​ပြောတယ်​"

"ကိုခန့်ဂရုစိုက်​​ပေးအုံး​နော်​...ကိုကို့ကိုတစ်​​ယောက်​တည်း အပြင်​​ပေးမသွားနဲ့
မဖြစ်​​သေးပါဘူး...ကျွန်​​တော်​ ဒီညပဲလိုက်​လာခဲ့လိုက်​မယ်​"

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီМесто, где живут истории. Откройте их для себя