[9] ငို​ကြွေး​နေ​သောမိုးစက်​များ...{U}

62 1 7
                                    

အခန်း[9] ငို​ကြွေး​နေ​သောမိုးစက်​များ

သူတို့နှစ်​​ယောက်​နမ်းတဲ့အချိန်​တိုင်း
ဘယ်​​သောအခါမှ နှုတ်​ခမ်းမှာတင်​မရပ်​တန့်သည့်​ကောင်းကင်​က သူ၏ခန္တာကိုယ်​အ​ပေါ်ပိုင်းတစ်​ခုလုံးကို နီရဲ​နေသည့်အမှတ်​များဖြင့် ပြည့်နှက်​​နေ​အောင်လုပ်လေ့ရှိသည်​။
ကိုယ်​လက်​နှီး​နှောချိန်​ဆိုလျှင်​​တော့ သူ့တစ်​ကိုယ်​လုံးမှာ ဆံပင်မှစ၍ ​ခြေ​ချောင်းများအထိ ​ကောင်းကင်​၏နှုတ်​ခမ်းများနှင့်မလွတ်​ကင်းတတ်​​ပေ။

သူ့ခန္တာကိုယ်​ကို​ ​မွေ့ရာ​ပေါ်သို့လှဲချ၍
ဆွယ်​တာညိုညို​လေးကိုခပ်​မြန်​မြန်​ဆွဲချွတ်​ပြီး ညှပ်​ရိုးတန်းများကို စုပ်​ယူကိုက်​ခဲ​နေသည့်​ကောင်းကင်​မှာ သူ၏ဝဲဘက်​ရင်​အုံအ​ရောက်​
အနည်းငယ်​တန့်သွားသည့်ဟန်​ကို မြင်​လိုက်​ရ​သော​ကြောင့်
သူ့ရင်​ဘတ်​ကို အလန့်တကြားငုံ့ကြည့်လိုက်​မိ​တော့ ထင်း​နေသည့်ပိုင့်နာမည်​တက်​တူး...။
ထိုတက်​တူးအား မမှိတ်​မသုန်​​ငေးကြည့်​နေသည့်​ကောင်းကင်​​ကြောင့် သူ​နေရခက်​စွာဖြင့် ချက်​ချင်းပင် ​လက်​ဖြင့်ဖုံးအုပ်​လိုက်​မိသည်​။

ထိုအခါ ​ကောင်းကင်​က သူ့လက်​​တွေကိုဆွဲယူကာ
ထိုတက်​တူးအ​ပေါ်မှဖယ်​ရှားလိုက်​ပြီး
အနက်​​ရောင်​​ဆေးဖြင့်​ရေးဆွဲထားသည့်နာမည်​​လေး​ပေါ်သို့ ခပ်​ဖွဖွနမ်းရှိုက်​လိုက်​​၏။

"​ကောင်းကင်​...."

"​​​မောင်​က မင်းခန္တာကိုယ်​မှာရှိသမျှအရာအားလုံးကို ​​ချစ်​တယ်​"

"​မောင်​...."

"မင်းနှလုံးသားထဲမှာ ​မောင်​ရှိ​နေပြီးသားပဲ..."

​ကောင်းကင်​၏စကား​ကြောင့် သူ့ရင်​ထဲဆို့နင့်သွားရပြီး
မထိန်းကွပ်​နိုင်​စွာပင်​ငိုရှိုက်​မိ​တော့သည်​။

"မင်းက ​မောင့်ကိုစိတ်​မ​ကောင်းဖြစ်​​စေချင်
လို့ ခဏခဏငို​နေတာလား"

"မဟုတ်​....ဟင့်...ငါ...ငါမ​ကောင်းဘူး
ငါ့အမှား​တွေပဲ...ငါတခြားလူနဲ့မတွဲခဲ့သင့်ဘူး"

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီOnde histórias criam vida. Descubra agora