[7].ငါ့ရဲ့​ကောင်းကင်​...[Zawgyi]

40 2 0
                                    

အခန်း[7] ငါ့ရဲ့​ကောင်းကင်

အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​ထဲဝင်​လာသည်​နှင့် မိုးယွန်းဟိုဟိုဒီဒီကြည့်လိုက်​​တော့ Arrival၌
ရုပ်​တည်​ကြီးဖြင့်ရပ်​​​စောင့်နေသည့်ခန့်မင်းမြတ်​ကို​ ​တွေ့လိုက်​ရ​သည်​မို့ သူ ထို​နေရာသို့​​လျှောက်​သွားလိုက်​​သည်​။
သူ့ကို​တွေ့​တော့ မင်းမြတ်​ကပြုံးပြလာပြီး သူ့ပုခုံးကိုဖက်​၍ ကားရှိရာသို့​ချက်​ချင်းပင်​ဆွဲ​ခေါ်သွား​လေ၏။

ညနေစောင်းအချိန်၌ မိုးဖွဲဖွဲ​လေးကျ​နေ​သော​ကြောင့် 
ကောင်းကင်​က တိမ်​စိုင်​၊တိမ်​လိပ်​များဖြင့်ပြည့်​နှက်​လျက်​ အလွန်​ပင်​အုံ့မှိုင်း​နေ၏။
မိုးယွန်းက မိမိအနှစ်​သက်​ဆုံးမိုးနံ့​လေးကိုအားရပါးရှူရှိုက်​လိုက်​ပြီး မင်းမြတ်​အဆင်​သင့်ဖွင့်​ပေးထား​သော
ကား​ရှေ့ခန်းထဲ၌ဝင်​ထိုင်​လိုက်​​လေသည်​။
ထို့​နောက်​ မင်းမြတ်​ကလည်း ​မောင်းသူ​နေရာ၌ထိုင်​ကာ
ခါးပတ်​ပတ်​လိုက်​ပြီး​နောက်​ ကားဒက်​ရှ်​ဘုတ်​​မှချိုချဉ်​ဘူးကိုယူကာ သူ့ဆီလှမ်း​ပေးလာ၏။

"​ကျေးဇူးပဲ ငါ့​ကောင်​"

ချိုချဉ်​ဘူးထဲမှ လီမွန်​အရသာချိုချဉ်​တစ်​လုံးကို​ဖောက်​၍
ငုံလိုက်​​တော့ ခံတွင်းထဲပျံ့နှံ့လာသည့်ချဉ်​စူးစူးအရသာက
နောက်​ကျိကျိဖြစ်​​နေသည့်သူ့အာရုံကိုပင်
အနည်းငယ်​ကြည်​လင်​သွား​စေသည်​။

ကား​မောင်း​နေသည့်ခန့်မင်းမြတ်​က အ​ခြေအ​နေကိုအကဲခတ်​လိုက်​ပြီး
ကားမှန်​မှတဆင့် အပြင်​ဘက်​ကို​ငေး​မော​နေသည့်
သူငယ်​ချင်းဖြစ်​သူအား လှမ်းကြည့်ကာ စကားစလိုက်​​လေသည်​။

"မင်း ဘာဆက်​လုပ်​မယ်​လို့​တွေးထားလဲ"

ဟန်​သာမိုးယွန်းက ကားမှန်​မှတဆင့်မြင်​​နေရသည့်
K.Y.Pကိုယ်​ပိုင်​အထက်​တန်း​ကျောင်းတည်​ရှိရာ
ခြံဝန်းကျယ်​ကြီးဆုံးသွားသည်​အထိ ​ငေးကြည့်​နေပြီးမှ အ​ဖြေပြန်​​ပေးလာ၏။

"မသိဘူး..."

ခန့်မင်းမြတ်​က သက်​ပြင်းအသာချလိုက်​ပြီး...

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီTempat cerita menjadi hidup. Temukan sekarang