[13].ရှပ်​​ပြေး​နေ​သောမိုးစက်​များ...[Unicode]

49 2 9
                                    

အခန်း[13] ရှပ်​​ပြေး​နေ​သောမိုးစက်​များ

*​ဒေါက်​...​ဒေါက်​*

"ဟန်​ပိုင်​...တံခါးဖွင့်၊ ကိုကြီး​ရောက်​လာပြီ"

ထိုအခါမှ ပိုင်​က သူ့ကိုဖက်​ထားရာမှခွာပြီး
ဒယိမ်းဒယိုင်​ဖြင့်မတ်​တပ်​ထရပ်​သည်​။
အခန်းတံခါးကို သူသွားဖွင့်လိုက်​​တော့
ခန့်မင်းမြတ်​နှင့် သူ၏အစ်​ကိုကြီးဖြစ်​သူဆရာဝန်​က
အခန်းထဲသို့ ခပ်​သုတ်​သုတ်​ဝင်​​ရောက်​လာကြသည်​။
ပိုင်​က တံခါး​နောက်​မှနံရံကို​ကျောမှီ၍
အသက်​ရှူသံများပြင်းထန်​​နေပြီး
လက်​ခုံနှင့်လက်​​ချောင်းများမှာလည်း ​သွေးသံတရဲရဲဖြင့်
အသားစများလန်​ထွက်​ကာ နီရဲ​နေ၏။
ဝမ်းဗိုက်​ကိုဖိကိုင်​၍ ယိုင်​နဲ့စွာရပ်​​နေသည့်
ပိုင့်မျက်​နှာမှာ အလွန်​အမင်းနာကျင်​​နေပုံရပြီး
​ချွေးစက်​များသီး၍ ​သွေးဆုပ်​ဖြူ​ရော်​​နေ​သော​ကြောင့် သူစိုးရိမ်​တကြီးဖြင့် အနားတိုးကပ်​သွားမိသည်​။

ပိုင့်ကိုယ်​ကိုအသာထိန်း၍ ခုတင်​ရှိရာသို့တွဲ​ခေါ်လာ​တော့
မင်းမြတ်​က ပိုင့်ကို ခုတင်​​ဘောင်​မှာ​ကျောမှီ​စေပြီး ပိုင်​ဝတ်​ဆင်​ထားသည့်အနက်​​ရောင်​လည်​ပိတ်​ဆွယ်​တာကို ချွတ်​​စေ၏။
ထိုအခါ ရှင်းရှင်းလင်းလင်းထွက်​​ပေါ်လာသည့် မာ​ကျောကျစ်​လစ်​​နေ​သောပိုင့်ဝမ်းဗိုက်​တစ်​ပြင်​လုံးမှာ အ​ပြင်းအထန်​ထိခိုက်​မိထားသည့်နီညို​ရောင်​အကွက်​များကို ​နေရာမလပ်​​ပင်​တွေ့မြင်​လိုက်​ရ​တော့သည်​။

ပိုင့်ဝမ်းဗိုက်​မှ အတွင်းဒဏ်​ရာများကိုမြင်​လိုက်​ရ​သောအခါ
မိုးယွန်းမှာ အံ့အားသင့်ထိတ်​လန့်သွားရပြီး
အသံတိတ်​ငို​ကြွေးမိ​တော့သည်​။
​သွေးပူ​နေစဉ်​က ​အချစ်​ဇောကပ်​၍
ဒဏ်​ရာများကိုဂရုမပြုခဲ့သည့် ချမ်း​မြေ့ဟန်​ပိုင်​မှာ ယခုအချိန်​၌ အသက်​ရှူလျှင်​ပင်​ ဆိုးဆိုးဝါးဝါးနာကျင်​လာသည့်​ဝေဒနာကို အပြင်းအထန်​ခံစား​နေရ၏။

ခန့်မင်းမြတ်​၏အစ်​ကိုက ပိုင့်ဝမ်းဗိုက်​ကို အ​သေအချာစစ်​​ဆေးကြည့်ရှူပြီးမှ
စိတ်​​အေးသွားဟန်​ဖြင့် ဒဏ်​ရာများကို​ဆေးလိမ်း​ပေး​လေသည်​။
ထို့​နောက်​ ခန့်မင်းမြတ်​အား ​သောက်​​ဆေး၊လိမ်း​ဆေးများ​ပေးပြီး ပိုင့်ကို​သေချာဂရုစိုက်​​ပေးဖို့မှာကြား​နေ၏။

 မိုးစက်​​ကြွေ​သော​လေညှင်း....မြေခလာ​သောစိန်​ပန်းနီနီWhere stories live. Discover now